Part 12

20.3K 885 9
                                    

Uni

ဒီနေ့မနက် ခါတိုင်းထက်စောစောနိုးနေသည်ကြောင့် သျှင်းထက် Kitchen ခန်းထဲ၀င်ကာ မုန့်လုပ်ဖို့ပြင်လိုက်သည်။ နေ့လည်စာစားချိန်လာခေါ်မည်ဟု ဖုန်းကြိုဆက်ထားသော မောင့်အတွက်ကိုယ်တိုင်လုပ်ထားတဲ့ Cupcakeလေး အချိုတည်းဖို့စေဖို့ ယူဆောင်သွားရန်။ တစ်ဆက်တည်း အဖိုးကြိုက်တတ်သည်ကိုသတိရသဖြင့် အဖိုးအတွက်ပါ ပိုလုပ်လိုက်သည်။

" မုန့်တော့ လုပ်ပြီးသွားပြီ ဘာနဲ့ထုပ်သွားရမလဲ "

Kitchen တစ်ဝိုက်မျက်စိကစားရင်းတစ်ခုခုတွေ့လိုတွေ့ငြားရှာဖွေလိုက်သည် .. ဘူးဖာများကလွဲ၍ မတွေ့ရသဖြင့် နောက်မှအကြံရကာ ဒီတိုင်းပဲယူသွားဖို့ဆုံးဖြတ်လိုက်သည်။ အချိန်တန်လို့စားရင် ဗိုက်ထဲရောက်မှာပဲလေ။

အားလုံးပြီးသွားတော့ Company သွားဖို့ တစ်ကိုယ်ရည်သန့်ရှင်းရေးအရင်လုပ်သည်။ ရေချိုးပြီးတော့ မျက်နှာပေါ်နို့ရည်နဲနဲတင်ကာ Dressing Room  ထဲမှ  Black 3 Pieces Suit  တစ်ထည်ကိုရွေးချယ်၍ ဝတ်ဆင်လိုက်သည်။ နောက်တော့ မှန်ရှေ့ပြန်ရပ်ကာ နက်ကတိုင်စီးလိုက်ပြီး ဘယ်ဘက်လည်တိုင်ကို Parfum အနည်းအငယ်ဆွတ်လိုက်သည်။

ပြင်ဆင်ပြီးတော့ လက်ဆွဲအိတ်ကိုကိုင်ပြီး အောက်ထပ်သို့ဆင်းကာ ထမင်းစားခန်းထဲသို့၀င်လာလိုက်၏။ သူရောက်တော့ ဖိုးဖိုးနှင့်တီသာက စားလို့ပြီးတော့မည်။ သူ၏နေရာမှာ၀င်ထိုင်လိုက်၍ အားလုံးကိုနှုတ်ဆတ်လိုက်သည်။

" သျှင်းသျှင်း တီသာ ခရီးထွက်စရာရှိလို့ ဖိုးဖိုးကိုသားပဲ ဂရုစိုက်လိုက်ဦး "

သောက်လက်စ Chocolate ခွက်ကိုပြန်ချကာ ခေါင်းငြိမ့်ပြလိုက်သည်။တစ်ဆက်တည်း သွားမည့်ရက်ကိုပါ မေးမြန်းလိုက်သည်။

" ဘယ်တော့ သွားမှာလဲ "

" ဒီညနေပဲ "

" ကိုယ့်ပါသာ ကားမောင်းသွားမှာလား "

" အင်း! Driver လဲခေါ်မသွားချင်ဘူး PA ကျတော့လဲ ခိုင်းထားတာတွေရှိလို့ "

" အစစအရာရာဂရုစိုက်သွားပါ "

စကားစပြတ်သွားပြီး သောက်လက်စကိုလက်စသတ်ကာ အားလုံးကိုနှုတ်ဆက်ပြီး Company ကိုထွက်လာခဲ့လိုက်သည်။ လမ်းတစ်လျှောက် Taylor's Gorgeous သီချင်းကို Repeat ထားကာ ဖွင်ထားလိုပြီး ခပ်တိုးတိုး လိုက်ငြီးနေမိသည်။ ခုတစ်လော အချစ်မှာပျော်ဝင်နေသည်မို့ စိတ်တွေအရမ်းလန်းဆန်းနေသည်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now