​ရေချိုးရင်း ​ရေချိုး ဆပ်ပြာရည်နဲ့ လက်​တွေတိုက်ရင်း မလိုအပ်ဘဲ အားသုံး​နေမိတာ​ကြောင့် ကာရံညီညာ့၏ လက်​နှစ်ဖက်လုံး ရဲ​တောက်​နေသည်။အဝတ်အစားအပြည့်အစုံပါ ​သေချာ ဝတ်ခဲ့ပြီးမှ အခန်းအပြင် ထွက်လာ​တော့ စိုင်းစွမ်းထက်ပိုင်က အကုန်အဆင်သင့် ဖြစ်​နေပြီး ကုတင်​​ပေါ် ထိုင်​​စောင့်​နေသည်။

အညို​ရောင်ရှပ်အကျီလက်ရှည်နဲ့​ဘောင်းဘီအနက်​ရောင် ဝတ်ထားပြီး အနည်းငယ် ရှည်​နေ​သော ဆံပင်​တွေကို အ​ရှေ့​ရော၊ နား​ဘေးဘက်​တွေပါ လှန်သိမ်းထားတာမို့ စိုင်းစွမ်းထက်ပိုင်က လူကြီးပုံစံ​ပေါက်​နေသည်။ ရှပ်အကျီလက်ရှည် ဝတ်တိုင်း အ​ရှေ့တစ်ဝက်ကိုသာ ​ဘောင်းဘီထဲ ထည့်ထားပြီး အ​နောက်ဘက်ကို ချထားတာ ဘာစတိုင်လ်လဲ မသိ​ပေမယ့် စိုင်းစွမ်းထက်ပိုင်နဲ့ ​တော်​တော်​လေး ကြည့်​ကောင်းတာ။

" ​အောက်ထပ်သွားရ​အောင် အစ်ကို့ကို ​စောင့်​နေတာ။ "

" အင်း "

စိုင်းစွမ်းထက်ပိုင်က ​ရှေ့ကထွက်သွားကာ ကာရံညီညာ့ကိုပါ ​​စောင့်ပြီးမှ အခန်းတံခါးပိတ်လိုက်သည်။ ​လှေကားတစ်ဝက်​လောက်ထိ ​ရောက်မှ ကာရံညီညာ့၏ လက်ကိုလာတွဲသည်။

" အ​​မေတို့​ရောရှိလို့ ။တစ်မျိုးထင်​နေမှာဆိုးလို့။ "

" လုပ်ချင်တာ အကုန်လုပ်ပြီးမှ ယဥ်​ကျေးပြ​နေစရာ မလိုဘူး။ "

အမြင်ကပ်ကပ်နဲ့ ​ပြောချလိုက်​တော့ စိုင်းစွမ်းထက်ပိုင်က မျက်နှာပျက်သွားသည်။ မူလက ခပ်တင်းတင်းဆွဲထားသည့် လက်တစ်ဖက်က ခပ်ဖွဖွသာ လက်ချင်းတွဲထား​တော့သည်။

" ​​တောင်းပန်ပါတယ်​ဗျာ။ "

ကာရံညီညာ လိုချင်တာ ဒါမှ မဟုတ်တာ။ စိုင်းစွမ်းထက်ပိုင် မှားခဲ့တာ မှန်​ပေမယ့် အခုအချိန်မှာ နည်းနည်းမှ စိတ်မဆိုး​တော့ဘူး။ ဒီလို ယဥ်​ကျေးပြ​နေတာမျိုး မဟုတ်ဘဲ အရင်လို ပြန်ဖြစ်ချင်တာ။ အရင်လို အတူပြန်​နေချင်တာ။ စည်း​တွေ ခြား​နေချင်တာ မဟုတ်ဘူး။ နှစ်​တွေအများကြီး တွဲလာပြီး ချစ်လာတဲ့သူကို  ခွင့်မလွှတ်နိုင်စရာ  ရှိမ​နေဘူး။မူလထဲက စိတ်ဆိုးရုံ​လောက်ပဲမို့ ကိုယ့်မိသားစုအ​ခြေအ​နေ၊ အ​ဖေ့ကျန်းမာ​ရေးပါ အဆင်​ပြေသည်ဆိုတာ သိရ​တော့ စိတ်ဆိုးခြင်းလုံးဝ မရှိ​တော့ဘူး။ကာရံညီညာက စိုင်းစွမ်းထက်ပိုင်လက်ထဲက လက်ကို ရုန်းလိုက်သည်။

First Love , Perfect Love (Completed)Where stories live. Discover now