Part-31

3.5K 221 9
                                    

Field trip မထွက်ခင် တစ်ည အလို၌ ဖြစ်ပေသည်။ ပုံမှန်နေ့များကဲ့သို့ P'Mile ၏ ကွန်ဒိုမှာပဲ ကြောင်ကလေးတစ်ကောင်လို တစ်နေကုန်လာခွေခေါက်နေသည့် Apo ဟာ ညဘက်ရောက်သည်အထိလဲ ထိုအတိုင်းပင် ဖြစ်ပေသည်။ တလောက Mile အနည်းငယ် ပွဲကြမ်းပေးထားတာမို့ ငြိမ်နေသည့် အဆိုးအဆာလေးဟာ ကျောင်းပိတ်ရက်အတွင်း ဒီကွန်ဒိုမှာပဲ အပျင်းတစ်စွာ ဖြတ်သန်းနေရတော့သည်။

သို့သော် မနက်ဖြန် ညနေ၌ ကျောင်းမှ Major အလိုက် field trip ထွက်ကြမည်ဖြစ်တာမို့ အရာရာ ဂရုတစ်စိုက် စီစဉ်တတ်သည့် Mile တစ်ယောက် laguage နှစ်လုံးကို ချကာ လိုအပ်သည်များကို ထည့်ပေးနေရလေသည်။ ထိုအရာကို ဆိုဖာပေါ်၌ ပျင်းရိစွာ ထိုင်ကာ cereal စားရင်း ဂိမ်းဆော့နေသည့် ကောင်လေးကတော့ သူ့အလုပ်မဟုတ် ဟူသည့်အတိုင်းပင် အာရုံထဲကို မထည့်ထားသည့် ပုံပင်။

*Po ...လိုအပ်တာတွေ လာကြည့်ပြီး ထည့်ဦးလေ။ ခရီးက သုံးညအိပ်လေးရက်တောင်နော် *

*ရတယ် တွေ့တာသာ ကောက်ထည့်သွားလိုက်တော့။ Po က ဘာဝတ်ဝတ်ရုပ်ခံလေးရှိတော့ ကြည့်ကောင်းပြီးသား *

ထိုစကားအား နောက်နေသလို မဟုတ်ပဲ တကယ် အတည်ကြီး ပြောနေသည့် ကောင်လေးကြောင့် Mile ထိုကောင်လေးကို ရှူတည်တည်ကြည့်ကာ သက်ပြင်းသာ ချလိုက်ရလေတော့သည်။

*ကဲ! အဲ့ဖုန်းကို လက်ကချပြီး ဒီမှာ လိုတဲ့ဟာကို လာထည့်တော့ Po ။ ကြာရင် ကိုယ် အဲ့ဖုန်းကို သိမ်းတော့မှာနော်*

*အင်း...*

Apo ပါးစပ်ကနေသာ အင်း ဖြေနေပေမယ့် P'Mile ဘာပြောလိုက်သလဲ သေချာတောင် မသိလိုက်ပေ။ ထို့ကြောင့် လက်ထဲကဖုန်းအား ဆော့နေရင်း အရှိန်တက်နေတာမို့ မချမိပေ။ အသည်းအသန် လိုက်ပစ်ရင်း ဂိမ်းထဲ၌ သူရှင်သန်ဖို့ကိုသာ အားစိုက်ထုတ်နေလိုက်လေသည်။

*Po!*

နောက်တစ်ခွန်းခေါ်သည်။ သို့သော် အင်းသာ ဖြေပြီး ဘာမှမတုံ့ပြန်ပေ။

*Apo!*

*အင်းလို့ ...*

နောက်တစ်ခွန်းထပ်ခေါ်လဲ ထိုနည်းအတိုင်းပင် ။ လူအား ပမာမခန့်နှင့် ဆော့လက်စကို ဆက်ဆော့ဆဲသာ ။

Don't be Stubborn ! Baby Where stories live. Discover now