Chapter-3

2.4K 205 11
                                    

ထိုနေ့ညက Mile သူ၏ ကွန်ဒိုသို့ပြန်ရောက်သည့်အခါ သူ၏ တစ်ခုတည်းသောအပန်းဖြေရာ နေရာဖြစ်သည့် ဂစ်တာများထားရာအခန်းထဲသို့ ဝင်လိုက်လေသည်၊၊

MMA ကစားသမား မဖြစ်မှီ သူ၏ ဆယ်ကျော်သက်ဘဝအား ဂစ်တာတီးခြင်းကိုသာ ရူးသွပ်ခဲ့သူ ဖြစ်တာမို့ အခုထိလဲ သူ mood လာသည့်အချိန်တိုင်း တီးခတ်နေကြပင်၊၊ ဝမ်းနည်းလျှင်လဲ  သံစဥ်များအား တီးခတ်တတ်သလို၊ ပျော်ရွှင်နေလျှင်လဲ မြူးကြွသည့် သံစဥ်များအား သူတီးခတ်သည်၊၊ ထို့အပြင် ပေါက်ကွဲစရာရှိလျှင်လဲ rock သီချင်းများကို ကြိုးတွေ ပျက်သည်အထိ သူတီးခတ်ကာ စိတ်ဖြေပစ်လိုက်လေ့ရှိသည်၊၊

ထိုဂစ်တာများကသာ အနားယူပြီး နောက်ပိုင်း သူ၏ ဘဝအား အဖော်ပြုပေးနေသည့် တစ်ခုတည်းသော အရာများပင် ဖြစ်လေသည်၊၊ 

ယနေ့မှာတော့ ဂစ်တာတီးချင်သည့် စိတ်ထပ် ဂစ်တာများအား မွမ်းမံရန်သာ စိတ်ကူး ရှိသည်မို့ အခန်းထောင့်ရှိ ဓာတ်ပြားစက်၌ သူနှစ်သက်သည့် Jazz သီချင်းတစ်ခွေအား ဖွင့်ထားတာ ဂစ်တာတစ်လက်အား ပေါလစ်တိုက်နေလိုက်လေသည်၊၊

တင်!

ရုတ်တရက် ဖုန်းထံသို့ message တစ်စောင် ဝင်လာတာမို့ သူ စိတ်မပါသော်လည်း ဖုန်းအား လှမ်းယူကာ ဖွင့်ကြည့် လိုက်လေသည်၊၊ ထိုအခါ contact မှာ ပေါ်လာသည်က
Lydia ဟူသည့် နာမည်ဖြစ်ပေသည်၊၊

*8PM gathering At Wild Fun !*

အတိုကောက် text လေးတစ်ခုပင် ဖြစ်သော်လည်း Mile အနေနဲ့ကတော့ ထို အဓိပ္ပာယ်အား သိတာမို့ သက်ပျင်းတစ်ချက်ချကာ ဖုန်းအား ခုံပေါ်ပြန်တင်ပြီး လုပ်လက်စအလုပ်များကို ဆက်လုပ်ရန် ပြင်လိုက်လေသည်၊၊

တင်!

သို့သော် တစ်ဖက်က လူက ဇွဲမလျော့ပေ၊၊ သူ့ထံ ထပ်မံ၍ message တစ်စောင် ထပ်ပို့လာတော့ သူလဲ အာရုံနောက်နောက်နဲ့ပဲ ထပ်မံကာ ဖုန်းအား ယူကာ ကြည့်လိုက်လေသည်၊၊

*ဒီတစ်ခါမှ နင်မလာရင်တော့ နင်နဲ့ငါ မသိခဲ့ဘူးလို့ မှတ်လိုက်တော့ *

ဒုတိယအကြိမ် စာတိုလေးမှာတော့ တစ်ဖက်က မယ်မင်းကြီးမက စျေးကိုင်နေပြီမို့ Mile စိတ်ပျက်စွာပင် သက်ပျင်းတစ်ခုကို ထပ်မံချမိလေသည်၊၊ သူထိုနေရာသို့ သွားရန် စိတ်ပါမနေပါ၊၊ သို့သော် သုံးလလောက်အထိ သူတို့ အဖွဲ့၏ gathering ကို မသွားခဲ့တာမို့ ဒီတစ်လပါ ထပ်မံ၍ ပျက်ကွက်လျှင် သူ့အား အကုန်လုံး စွန့်ခွာသွားကြတော့မည့် ပမာ drama လာချိုးနေသည့် အုပ်စုကြောင့် မတတ်နိုင်ပဲ ဒီနေ့မှာတော့ သွားဖို့ ပြင်လိုက်ရလေတော့သည်၊၊

Don't be Stubborn ! Baby Where stories live. Discover now