Part-17

2.3K 224 21
                                    

*ဘုန်း!*

*မေးနေရင် ဖြေလေ Nattawin !*

ကျယ်လောင်လှသည့် ကျောင်းအုပ်ကြီး၏ အော်သံကြောင့် အခန်းထဲရှိ လူများမှာ အနည်းနှင့် အများတော့ လန့်သွားကြပေမယ့် ကာရံကံရှင် ဖြစ်သည့် Apo ကတော့ ခြေထောက်ချိတ်ထိုင်ကာ စုတ်လုံးတစ်လုံးကို စုတ်နေရင်း အေးဆေးပင် ဖြစ်လေသည်၊၊

*ဟုတ်တယ် အဲ့တာ ကျွန်တော် လုပ်လိုက်တာ *

Apo သူ့အရှေ့က ဝတ်ကောင်းစားလှတွေ ဝတ်ထားသည့် အမျိုးသမီးနှင့် အမျိုးသား နှစ်ယောက်အား ဒဲ့ပင် ကြည့်ကာ ပြန်ဖြေလိုက်လေသည်၊၊  သူ၏ အလေးမထားသလို မျပ်နှာထားကြောင့် ထိုလင်မယားနှစ်ယောက်မှာ ဒေါသကြောင့် ရှူးရှူးရှဲရှဲ ဖြစ်လာလေတော့သည်၊၊

*တွေ့တယ် မဟုတ်လား ကျောင်းအုပ် ၊၊ ကျွန်မသားလေးကို ဒီလိုကျိုးကန်းအောင် လုပ်လိုက်တာ အဲ့ကျောင်းသားပဲဆိုတာ၊၊ ဟွန့်! ကြည့်ပါလား ရုပ်ကိုက အကြောက်အလန့်ကို မရှိဘူး *

အခြားကိစ္စများနှင့် ပက်သက်၍ သူ့အား ပြောသည်ကို သူသိပ် ဂရုမထားပေမယ့် သူ၏ မျက်နှာအား ပယ်ပယ်နယ်နယ်ကြည့်ကာ ဝေဖန်လာသည့်အခါ Apo ချက်ချင်းပင် ပြန်ခံပက်လိုက်လေသည်၊၊

*ကြောက်လန့်စရာကော ဘာရှိလို့လဲ ! အန်တီ့သားလို အမှိုက်ကောင်ကို လိမ္မာအောင် ဆုံးမပေးတာ ကျွန်တော့်ကိုတောင် ပြန် ကျေးဇူးတင်သင့်တယ် *

*ဘာ!!! မင်း!...မင်း!...ရိုင်းလှ‌ချည်လား!*

သူ၏ စကားဟာ ထိုအန်တီအား ပို၍ စပ်စေသည်ထင်ပါ၏၊၊ ချက်ချင်းပင် ထိုင်ခုံကနေထကာ သူ့အား တစ်ခုခုလုပ်ရန် ပြင်ဆင်နေပေမယ့် ဘေးက အမျိုးသားဖြစ်ဟန် တူသည့်သူဟာ အတင်းဝင်ဆွဲပေးနေသဖြင့် သူတို့ အချင်းချင်း ရုပ်ပျက်လောက်အောင် ဖြစ်နေတော့သည်၊၊ သို့သော် Apo ကတော့ အေးဆေးပင် စိတ်ပျက်သည့် အကြည့်များနှင့်အတူ သူ့အရှေ့က လင်မယားနှစ်ယောက်အား ထိုင်ကြည့်နေလိုက်လေသည်၊၊

*ဒီမှာ ကျောင်းအုပ်! ကျွန်မဒီကိစ္စကို လုံးဝ ကျော်သွားမပေးနိုင်ဘူးနော်၊၊ အဲ့ ကျောင်းသား အရိုင်းအစိုင်းက ကျွန်မသားလေးကို ဒီကျောင်း ပိုင်နက်ထဲမှာ ရိုက်နှက်ခဲ့တာ! ကြိမ်းသေပေါက် အဲ့ကျောင်းသား ကျောင်းထုတ်ခံရမှ ကျွန်မ ကျေနပ်နိုင်မယ် !*

Don't be Stubborn ! Baby Onde as histórias ganham vida. Descobre agora