Part-22

3.2K 215 18
                                    

တိတ်ဆိတ်လွန်းသည့် အခန်းအနေအထားဟာလည်း တစ်ခါတစ်ရံ၌ အကျယ်လောင်ဆုံး နှိုးသံတစ်ခု ဖြစ်နေတတ်ပေသည်၊၊ Apo  စိတ်ထဲ၌ ဗလာဖြစ်သည့် ခံစားချက်နှင့်အတူ ရုတ်တရက် မျက်လုံး နှစ်လုံး ပွင့်လာသည့်အခါမှာ သူ့အား အရင်ဦးဆုံး ကြိုဆိုနေသည်မှာ တိတ်ဆိတ်နေသော အခန်းကြီးသာ ဖြစ်ပေသည်၊၊ ထို့နောက်မှ တဖြည်းဖြည်း အလုပ်လုပ်လာသည့် ခန္ဓာကိုယ်၏ သွေးကြောများကြောင့် သူ၏ ကျောပြင်နှင့် တင်ပါးဆီမှ စပ်ဖျင်းကာ နာကျင်နေသည့် အသိဟာ ဝင်လာလေတော့သည်၊၊

ထို့အခါမှ ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများဟာ သူ၏ ခေါင်းထဲ၌ အစီအရီ ပြန်ပေါ်လာလေတော့သည်၊၊ သို့သော် သူ့အား အညှာအတာမဲ့စွာ အပြစ်ပေးနေစဥ် P'Mile ၏ မျက်နှာအနေအထားအား ပြန်မြင်ယောင် ကြည့်သည့်အခါ သူမနေ့ညကနှင့် ထပ်တူပင် ရှိန်သည့် စိတ်တစ်ခုဟာ ခံစားနေရဆဲ ဖြစ်ပေသည်၊၊အစစ်အနေနှင့် P'Mile သည် စင်စစ် dom တစ်ယောက်သာ ဖြစ်ပြီး သူ သွားမနောက်သင့်သည့် လူလဲဖြစ်သည်ဆိုတာ သူသင်ခန်းစာရလိုက်ပေသည်၊၊

သို့သော် သူနိုးလာသည့်အခါ သူ့ဘေးမှာ အရိပ်အယောင်လေးတောင် မတွေ့ရသည့်အတွက်ကြောင့် Apo အနည်းငယ်တော့ စိတ်ထဲ ဂျစ်ချင်သွားမိသည်၊၊ ထို့နောက် အိပ်နေရာကနေ ထထိုင်လိုက်သည့်အခါ မိုက်ကနဲ ဖြစ်သွားသည့် ခေါင်းကြောင့် သူ နားထင်ကိုသာ ဖိကိုင်ကာ ခဏ ထိုင်နေရတော့သည်၊၊ ထို့အပြင် နာကျင်ကာ လေးလံနေသည့် ခန္ဓာကိုယ်ကြောင့် Apo အိပ်ရာထဲက ထဖို့ကိုပင် လွန်စွာမှ ဝန်လေးနေပေသည်၊၊ 

သို့သော်လည်း နိုးခါစမို့ ခြောက်ကပ်နေသည့် သူ၏ လည်ပင်းကြောင့် သူရေသောက်ရန် လိုအပ်ပေသည်၊၊ သို့သော် ကုတင်ဘေးသို့ ကြည့်သည့်အခါ ဖင်ကပ်ပဲ ကျန်တော့သည့် ရေကရားနှင့် သူ့အား ရေဘတ်တိုက်ပေးထားသည်ဟု ယူဆရသော ရေဇလုံတစ်ခုသာ ရှိပေသည်၊၊ နောက်ဆုံးတော့လဲ မတတ်နိုင်တာမို့ Apo စောင်အောက်ကနေ ထွက်ကာ ကုတင်ပေါ်ကနေသာ ဆင်းလာလိုက်လေသည်၊၊

သို့သော် ကုတင်အောက်သို့ ခြေထောက်ချချလိုက်ခြင်းမှာပင်  ခန္ဓာကိုယ်ရှိ အကြောများ တင်းသွားတာမို့ နာကျင်လာသည့် တင်ပါးတစ်နေရာကြောင့် Apo ဆဲရေးလိုက်မိလေသည်၊၊

Don't be Stubborn ! Baby Where stories live. Discover now