Part-7

2.1K 196 25
                                    

အချိန်ကား မနက် 12 ခန့်ရှိပြီဖြစ်လေသည်၊၊ နေ့လည်စာမစားခင် ဝင်သည့်အတန်းမို့ ကျောင်းသားအများစုဟာ အာရုံစုစည်း၍ မရသော အတန်းချိန်လဲ ဖြစ်ပေသည်၊၊ ထိုထဲ၌ Apo လဲ အပါအဝင်ပင် ဖြစ်လေသည်၊၊ နောက်ဆုံးတန်း ရှေ့ခုံ၏ ထောင့်ဆုံး၌ထိုင်နေသော Apoဟာ စားပွဲပေါ် လက်ထောက်ရင်း စာအုပ်အား ကြည့်နေသော်လည်း အရှေ့က Professor သင်ကြားနေသော Servey ပုဒ်စာများဟာ ကြားတစ်ချက် မကြားတစ်ချက်သာ၊၊

သူ၏ အတွေးထဲသို့ တစ်စတစ်စဝင်လာနေသော လူတစ်ယောက်၏ အကြောင်းကိုသာ တောင်စဥ်ရေမရ လျှောက်တွေးနေမိခြင်း ဖြစ်ပေသည်၊၊ ထိုလူဟာ သူနှင့် တွေ့ဆုံသည့် အခါတိုင်း၌ မတူညီသော ခံစားချက်များအား သူ့အပေါ် ပေးခဲ့လေသည်၊၊ သူ့အား ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့ဖူးသလို၊ နားဝင်အောင်လဲ လေသံအေးအေးဖြင့် ပြောနိုင်သည့် သူဖြစ်လေသည်၊၊ ထို့အပြင် သူ၏ အမှားများကိုပါ တစ်ဖက်က ထောက်ပြပေးခဲ့သေးသည်၊၊
သူပြသာနာရှာလျှင် သူ့မိဘများ ဆူသလိုမဟုတ်ပဲ သူ့အား အကျိုးသင့်အကြောင်းသင့် လုပ်သင့်ကြောင်း ပြောနိုင်သည့်သူ ဖြစ်ပေသည်၊၊

Apo သူ့အတွေးထဲရှိ သူသတ်မှတ်ထားသော စံချိန်တစ်ခုအား ထိုလူနှင့် ပြန်တွဲကာ ကြည့်လိုက်သည့်အခါ အရာအားလုံးဟာ ငြင်းလို့ မရအောင်ကို ကွက်တိကျနေတာမို့ စိတ်ထဲမှပင် မခံချင်စွာနှင့် ဆဲရေးမိလိုက်ပေသည်၊၊

*ရှီးရား!*

သို့သော် သူကိုယ်တိုင်ပင် မသိလိုက်ခင်မှာပင် သူ၏ နှုတ်ဖျားမှ ထွက်သွားသည့် အဆဲစကားလုံးကြောင့် ယောင်ရမ်းကာ ဘေးဘီများအား ကြည့်လိုက်မိလေတော့သည်၊၊

*ဟိတ်! ဟိုကျောင်းသား!*

အတန်းရှေ့ရှိ Professor ၏ အော်သံကြောင့် Apo ထို professor အား မချိပြုံးလေး ပြုံးပြကာ ဘေးခုံရှိ သူ၏ သူငယ်ချင်းဖြစ်သူ Koe အား လက်ညှိုးထိုးပြလိုက်လေသည်၊၊ ထိုအခါ professor ဖြစ်သူဟာ သူ့အား မျက်စောင်းတစ်ချက်ထိုးကာ ကျော်သွားပေးလိုက်ပြီး စာဆက်သင်နေလေတော့သည်၊၊

Professor မျက်စိလွှဲသွားသည့်အခါမှာတော့ Koe ဟာ သူ၏ အနားသို့ ကပ်ကာ ပြောလာလေသည်၊၊

Don't be Stubborn ! Baby Where stories live. Discover now