Part-9

2.1K 230 23
                                    

Stage စင်တည့်တည့်သို့ စလိုက်မီးရောင် ကျရောက်လာသည့်အခါ နှင်တံတစ်ခု ကိုင်ကာ ရပ်နေသည့် လူတစ်ယောက်ဟာ မားမားမတ်မတ်ရပ်ကာ ထွက်ပေါ်လာလေတော့သည်၊၊ကတ္တီပါသား shirt အင်္ကျီ ကြက်သွေးရောင်အား ရင်ဘတ်အထိ ကြယ်သီးများဖြုတ်ကာ ဝတ်ဆင်ထားပြီး အင်္ကျီအား style pant ထဲသို့ ထည့်ကာ ဝတ်ဆင်ထားသည့် ထိုအမျိုးသားဟာ Yan ပင်ဖြစ်လေသည်၊၊

လေးထောင့်ကျသည့် မျက်နှာအနေအထားဟာ ထိုလူ၏ မျက်နှာအား ပိုလို့ ခက်ထန်စေကာ သြဇာတိက္ကမ နှင့်လဲ ပြည့်စုံစေပါသည်၊၊ မြင့်မားလှသည့် အရပ်အမောင်းနှင့် ဆံပင်ကောက်ကောက်များဟာတော့  သူ၏ ဆွဲဆောင်မှုတစ်ခုပင် ဖြစ်လေသည်၊၊

Yan ဟာလဲ ဤ club ၌ မသိသည့်သူမရှိတာမို့ စင်အောက်ရှိ လူများထံမှ အားပေးသံများဟာ တားမရဆီးမရ ဖြစ်နေလေတော့သည်၊၊ ထိုအခါ Yan ဟာ စင်အောက်ရှိ လူများအား တစ်ချက်ကြည့်ကာ အသံများရပ်ရန် လက်ကိုလေထဲသို့ မြှောက်ကာ လက်သီးဆုပ်လိုက်သည့်အခါ လူအုပ်ကြီးဟာ တစ်ယောက်မကျန် တိတ်ဆိတ်သွားလေတော့သည်၊၊

ထိုအခါမှ Yan ဟာ အသာပြုံးကာ စကားစဆိုလေတော့သည်၊၊

*ဒီနေ့အားလုံးအတွက် performance တစ်ခု ပြင်ဆင်လာခဲ့ပါတယ်*

*Wow!!! *

စင်အောက်က လူများဟာလဲ Yan ချပြလာမည့် တင်ဆက်မှုအား သိချင်လွန်းတာမို့ အသံကုန် အားပေးကြလေတော့သည်၊၊

*ဒါပေမယ့် ဒီနေ့ ကျွန်တော့်ရဲ့ partner ဖြစ်သူက ဒီကိုမလာနိုင်ခဲ့ပါဘူး၊၊ အဲ့အတွက် ကျွန်တော့်ကို ကူညီပေးမဲ့ volunteer တစ်ယောက်ကို ဒီကနေပဲ  ဖိတ်ခေါ်ပေးချင်ပါတယ်*

Yan ၏ စကားအဆုံး၌ stage စင်ပေါ်သို့ တက်လာသည်က အားလုံးမထင်မှတ်ထားသည့် သူ ဖြစ်နေတာမို့ လူအုပ်ကြီးမှာ ခဏတာ ကြောင်အမှုကြောင့် တိတ်ဆိတ်သွားကြလေသည်၊၊

ဤ club ၌ မသိသူမရှိသော မာနခဲလေး ၊ တစ်နည်းအားဖြင့် Dom များပင် လက်ဖျားခါရသည့် Sub တစ်ယောက် ၊၊ ဤနာမည်ပြောင်များဟာ အလကား ရထားသည်တော့ မဟုတ်ပေ၊၊ Black lotus ဟုပဲ အားလုံးသိထားသည့် ထိုကောင်လေးဟာ နှစ်ချို့ဝိုင်တစ်ပုလင်းလို တန်ဖိုးကြီးလှပြီး လူတိုင်း မြည်းစမ်းခွင့်မရနိုင်သည့် အရာတစ်မျိုးဖြစ်ပေသည်၊၊

Don't be Stubborn ! Baby Dove le storie prendono vita. Scoprilo ora