အခုအချိန်မှာသာ ရှောင်းကျန့်က ၀မ်ကောဆီမှာလဲရှိမနေဘဲ ပျောက်ဆုံးနေတာကို မမ,သာသိလျှင် ဘယ်လောက်တောင် ၀မ်းနည်လိုက်မလဲ။

ကျန်းချန်ရဲ့မမ ကျန်းချန်ကြောင့် စိတ်ကောက်ချင်ကောက်ပါစေ။
သူမ ၀မ်းနည်းမှာကိုတော့ သိပ်ကြောက်ပါသည်။

စကားမဆုံးခင် ကျသွားသောဖုန်းအား Loveseatသို့ ပစ်တင်ကာ ကျန်းချန် လက်ရှိမောင်းနေသည့်အမြန်နှုန်းကို အရှိန်တင်ကာ ၀မ်ကော၏ကားအားမှီအောင်မောင်းရပါသည်။

➖➖➖➖➖➖
"ဟွန့် ချီးထုတ်ကောင်!
ငါ့ကို ဂရုမစိုက်ဘူး! မစိုက်နဲ့ပေါ့
ပြီးမှ မမ ကျွန်တော်တောင်းပန်ပါတယ်လာလုပ်ရင်
လင်ပေးစားပစ်မယ်ချီးထုတ်ကောင်!
အဲ့မှာ ပူလောင်နေလိုက်အုံး"

"မမလေး..."

Phone Screenပေါ်ရှိ လူသားပုံကိုကြည့်ကာ လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောနေသည့်သူမက အနောက်ဘက်ရှိလူကြီး၏ခေါ်သံကြောင့် မျက်နှာပိုးသတ်ကာ လှည့်ကြည့်လိုက်၏။

"ရိုက်နှက်တာတို့ဘာတို့လုပ်သေးလား..."

"မ..မလုပ်ပါဘူးမမလေး
အတင်းရုန်းနေလို့ မေ့ဆေးသုံးခဲ့ရုံပါ..."

"မေ့ဆေးရည်ဘယ်နှစက်သုံးခဲ့လဲ"

"သိပ်တောင်မများပါဘူးမမလေး
နှစ်စက်လောက်ပါ.."

ချူဝေကခေါင်းငြိမ့်ကာ ဧည့်ခန်းစားပွဲမှ တစ်စုံတစ်ခုအား ထုတ်ယူသည်။

"တာ၀န်ကျေတဲ့အတွက် ပြောထားတဲ့တန်ဖိုးရဲ့နှစ်ဆပေးမယ်...ကျေးဇူးပါ သွားလို့ရပြီ"

ဗလတောင့်တောင့်လူကြီးက ချူဝေ့အား ကျေးဇူးအထပ်ထပ်အခါခါတင်၍ နောက်လဲခိုင်းစရာရှိရင်ခေါ်ခိုင်းပါ ဟုတောင်ပြောသွားသေးသည်။

ချူဝေသည် အပေါ်ထပ်သို့ ကြောင်လှိမ်လှေကားမှတစ်လှမ်းချင်းတက်သွားကာ လှေကားအဆုံး ဘေးတွင်ရှိသောအခန်းတံခါးအား လော့ဖွင့်ကာ ၀င်ခဲ့သည်။

ကုတင်ပေါ် ကျုံ့ကျုံ့လေးထိုင်လျှက် မျက်ရည်အရွှဲသားဖြစ်နေသည့်မျက်နှာလေးကိုတွေ့လိုက်ရတော့ ချူဝေ ရှောင်းကန့်အနား ခပ်မြန်မြန်ပြေးသွားကာ

Dear Medical Student[Completed]Where stories live. Discover now