Part-2

3.1K 196 16
                                    

Unicode

"ဘယ်ဥပဒေမှါမှ အသက်နှစ်နှစ်ပဲကွာတဲ့လူအချင်းချင်းမွေးစားလို့မရဘူး ဆိုတာမရှိဘူး ရိရိ!
ပြီးတော့ အသက်နှနှစ်မကလို့ တစ်လပဲကွာကွာ
ဒယ်ဒီက မွေးစားဆို မွေးစားရမယ်!"

"ဒါမှမဟုတ် ဒယ်ဒီပဲမွေးစားလိုက်ပါလား
ဒယ်ဒီ့အရွယ်ကမှ ကလေးမွေးစားလို့သင့်တော်တာ
ဒါဆို အဲ့ဒီကောင်လေးက ကျွန်တော့်ညီဖြစ်လာမှာလေ"

ဒယ်ဒီက ခေါင်းအား အသဲအသန်ခါပြ၏။

"ငါမလိုချင်ဘူး၊မင်းပဲမွေးစားရမှာ
ရှောင်းကျန့်က ငါ့သားမဖြစ်ရဘူး၊မင်းသားဖြစ်ရမှာ!"

ရှောင်းကျန့်?၊အဲ့ဒီဆေးကျောင်းသားနာမည်က ရှောင်းကျန့်တဲ့လား။

"မမွေးစားချင်ဘူး ဒယ်ဒီရာ
သူက ကျွန်တော့်သားဖြစ်လို့ရတဲ့အရွယ်မဟုတ်တော့ဘူး၊
မယား ဖြစ်ချင်ရင်တော့ဖြစ်လို့ရတယ်!"

"တိတ်စမ်း!!!"

အခန်းတစ်ခုလုံး ဒယ်ဒီ့အသံကြီးက ဟိန်းထွက်သွားကာ ပြတင်းပေါက်ဖွင့်ထားတာကြောင့် ထိုမှတစ်ဆင့်  အိမ်တော်အတွင်းသို့ ပျံ့လွှင့်သွားတော့သည်။

"ဘာလို့လဲဒယ်ဒီ
သူနဲ့ကျွန်တော်က အမျိုးတော်နေလို့လား..."

"မတော်ဘူး!"

"မတော်ရင် ယူလို့ရတာပဲ..."

"ဟေ့ကောင် ထပ်မပြောနဲ့တော့ဆို!!!"

ရိပေါ်က ဘာရယ်မဟုတ်၊ဒယ်ဒီမကြိုက်မှန်းသိလို့ကို တမင်ထပ်ပြောသည်။
သားဖြစ်သူအကြောင်း သိသိကြီးနဲ့ ၀မ်ရိလင်းဟာလည်း မျက်နှာကြီးနီရဲပြီး ဒေါသတွေ တစ်ထောင်းထောင်း ထွက်ပြနေသေး၏။

"မင်း သူ့ကို လုံး၀ယူလို့မရဘူး အဲ့ဒါထက်
မင်းအမေသိရင် သူလဲပဲ သဘောတူမှာမဟုတ်ဘူး
ဒယ်ဒီ ရှင်းရှင်းပဲပြောမယ် ရိရိ
မင်းသူ့ကို မွေးကိုမွေးစားရမယ်
ဒယ်ဒီတစ်နေ့နေ့ သေသွားခဲ့ရင် မင်းက မိန်းမယူမှာမဟုတ်လို့ မျိုးဆက်ပျက်သွာနိုင်တယ်"

'မဆိုင်လိုက်တာ ဒယ်ဒီရာ' လို့ ရိပေါ်ပြောမနေတော့ပါ။
အမှန်လဲ သူမိန်းမယူမှာမဟုတ်လို့လေ။
ဒါပေမဲ့ အဲ့ဒီဆေးကျောင်းသားလေးလဲမဆိုးပါဘူး။

Dear Medical Student[Completed]Where stories live. Discover now