Unicode
"သုံးယောက်စလုံး နံနက်စာစားဖို့..."
ထမင်းစားခန်းရှိ စားပွဲ၏ ထိပ်ဆုံးတွင် နေရာယူကာ ထိုင်နေသည့် ၀မ်ရိလင်းက အပေါ်ထပ်မှဆင်းလာသည့် ကောင်လေးသုံးယောက်ကို လှမ်းခေါ်၏။
"ဟုတ် အန်ကယ်.."
"ဟုတ်ကဲ့.."
ကလေးနှစ်ယောက်က သူ့စကားကို အသိအမှတ်ပြုစွာ စကားပြန်ပြောကြပေမဲ့ သားဖြစ်သူကတော့ ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်ကာ ခပ်တည်တည်ဖြင့် သူ့ထိုင်ခုံတွင်၀င်ထိုင်၏။
အခုဆိုရင် ထမင်းစား၀ိုင်းတွင် လူတစ်ယောက်ထပ်တိုးလာပြီမို့ ရှောင်းကျန့်က ရိပေါ်ဘေးတွင် ထိုင်ပါသည်။ကျန်းချန်ကတော့ ရိပေါ်နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဖြစ်၏။
အရင်ကဆို ရိပေါ်က နံနက်စာမစားဘဲ ကုမ္ပဏီသွားတတ်တာမို့ ၀မ်ရိလင်းတစ်ယောက်ထဲ နံနက်စာစားရတာဖြစ်ပြီး နံနက်စာက ဆန်ပြုတ်တစ်ပွဲနှင့် သစ်သီးဖျော်ရည်တစ်ခွက်။
အခုတော့ မွေးစားခလေးနှစ်ယောက် ရောက်လာပြီမို့ နံနက်စာကို လူစုံစုံလင်လင် အတူစားရပြီး နံနက်စာမစားသည့် ရိပေါ်တောင် မနက်တိုင်း နံနက်စာ ပုံမှန်စားဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီရဲ့နံနက်စာက ကြက်ဥအနှစ်၊အကာသက်သက်စီ ကြော်ထားသည့် ကြက်ဥကြော်တစ်လုံး၊အစိမ်းရောင်အသီးအရွက်ကြော်တစ်ခွက်၊အသားဟင်းတစ်မျိုး၊ ကြက်အူချောင်းတွေနဲ့ နွားနို့တစ်ခွက်။
နံနက်စာကို ကုန်အောင်မစားနိုင်ကြရင်တောင် လူတိုင်းက နွားနို့တစ်ယောက်တစ်ခွက်စီကိုတော့ ကုန်အောင် သောက်ရသည်။
၀မ်သခင်ကြီးက အမိန့်ထုတ်ထားလေရဲ့၊
နွားနို့သောက်မှ အရပ်ရှည်မှာမို့ သူအပါအ၀င် လူတိုင်းနွားနို့သောက်ရမည်တဲ့။"ဂရုစိုက်သွားကြနော်
နေ့လည်ကျရင် ထမင်းကို သေသေချာချာစား
ကျောင်းမှာ ရန်မဖြစ်နဲ့၊စာကိုသေချာလုပ်
ပြီးတော့...!""နှစ်ယောက်စလုံး..ကိုယ့်ထမင်းဘူးကိုယ်ယူပြီး
ကားပေါ်တက်ကြတော့..."
ŞİMDİ OKUDUĞUN
Dear Medical Student[Completed]
Hayran Kurgu☪️BJYXSZD💖 💚YiZhan FanFiction❤️ ဖခင်၏ ခိုင်းစေမှုကြောင့် တစ်ခါမှမမြင်ဖူးသည့် လူတစ်ယောက်အား မိမိဆန္ဒမပါပဲ မွေးစားလိုက်ရသည့် //၀မ်ရိပေါ်// မိဘမဲ့ဘ၀ကိုအေးဆေးစွာဖြတ်သန်းနေစဥ် မိမိထက် အသက်သုံးနှစ်သာကြီးသော လူတစ်ယောက်ထံ မွေးစားခံလိုက်ရသည့် \\ရှောင်းကျ...