Part-7

2.2K 184 8
                                    

Unicode

'ဒေါက် ဒေါက်'

"ကျန့်ကျန့်လေး...ဒေါ်ကြီးပါ"

တံခါးခေါက်သံနှင့်အတူ ဒေါ်ကြီးရဲ့အသံကိုပါ တဆက်တည်းကြားလိုက်ရတာမို့ ရှောင်းကျန့် ကုတင်ပေါ် ငုတ်တုတ်လေးထိုင်နေရာမှ ထကာ အိပ်ခန်းထဲမှထွက်၍ တံခါးဆီသွားလိုက်ပါသည်။

"ဟုတ် လာပြီ..."

"ကျန့်ကျန့်...ငိုနေတယ်?"

အသားအရည် ဖြူလွန်းတဲ့ကျန့်ကျန့်လေးက ငိုသည့်အခါ နှာထိပ်လေးရော၊ မျက်၀န်းအိမ်ထဲရော နီရဲနေတတ်တာမို့ ရှောင်းကျန့်မျက်နှာကို တစ်ချက်ကြည့်လိုက်ရုံနှင့် ဟွားမေသိလိုက်သည်။

"ဟုတ်.....နဲနဲ...
ဒေါ်ကြီး လာလေ.. အထဲ၀င်ပါအုံး...."

ရှောင်းကျန့်စကားကြောင့် ဒေါ်ကြီးဟာ တံခါးကို စေ့ရုံမျှပိတ်ထားခဲ့ပြီး အခန်းထဲ၀င်လာကာ အခန်းပတ်လည်ကို လှည့်ပတ်ကြည့်နေ၏။

"ဒေါ်ကြီး ဒီမှါထိုင်..
ကျွန်တော်...."

ခလေးတစ်ယောက်လို ဟွားမေရင်ခွင်ထဲ ပြေး၀င်ကာ ကျန့်ကျန့်က သူမပုခုံးပေါ်မျက်နှာအပ်လိုက်ပြီး သိပ်မကြာလိုက်၊ ပုခုံးပေါ်မှ စိုစွတ်သောခံစားချက်ကြောင့် ဒီခလေးငိုနေပြီဆိုတာသိလိုက်၏။

"ကျန့်ကျန့်လေး နေရတာ အဆင်မပြေတာရှိလို့လား
ဘာဖြစ်လို့လဲဟင် ဒေါ်ကြီးကိုပြော ..."

"အိမ်ပြန်ရအောင်...ဒေါ်ကြီး
ကျွန်တော် ဒီအိမ်မှာမနေချင်တော့ဘူး"

ဟွားမေ ရှောင်းကျန့်ကို ခေါင်းပြန်ထောင်စေပြီး

"ဘာလို့လဲ...
ကျန့်ကျန့် ဒီလိုခမ်းနားတဲ့အိမ်ကြီးမှာနေရတာ ပျော်တယ်မဟုတ်လား...
ကျန့်ကျန့်ဖြစ်ချင်တဲ့ ဆရာ၀န်ကြီးလဲ ဖြစ်ခွင့်ရမယ်လေ"

"ပျော်တယ်...ဆရာ၀န်လဲဖြစ်ချင်တယ် အရင်တုန်းကပေါ့
ဒါပေမဲ့ ကျန့်ကျန့်ကို ဒီအိမ်သားက မကြည်ဖြူဘူး
ကျန်ကျန့် မပျော်တော့ဘူးဒေါ်ကြီး.."

"ကျန့်ကျန့် သခင်လေး၀မ်ကို စိတ်ဆိုးနေတာလား.."

ရှောင်းကျန့်မှာ ဒေါ်ကြီးကို ခြေတစ်ခါခါလက်တစ်ခါခါဖြင့် ငြင်းဆန်ရသည်။

Dear Medical Student[Completed]Donde viven las historias. Descúbrelo ahora