Part-24

1.8K 132 8
                                    

Unicode

"ဗိုက်ထဲကလဲ အောင့်လိုက်တာ..."

Toiletထဲမှ ဗိုက်ကလေးအားလက်နှင့်ဖိနှိပ်ကာ ထွက်လာသည့်ရှောင်းကျန့်က မိမိရှေ့တွင် ကားကားကြီးရပ်ကာ လမ်းပေါက်ပိတ်လို့နေသည့်လူထွားကြီးသုံးယောက်ကြောင့် ခြေလှမ်းများကတုံ့ခနဲ။

"ကျွန်တော်အပြင်ထွက်မလို့...လမ်းဖယ်ပေးကြပါလားဗျ..."

အလည်မှလူကြီးက သူ့ဖုန်းကိုထုတ်ကာ ဖုန်းထဲမှပုံနှင့်ရှောင်းကျန့်မျက်နှာကို တစ်လှည့်စီကြည့်နေ၏။

"သူပဲ! သေချာတယ်.."

ရှေ့သို့တိုးလာသည့်ခြေလှမ်းများကြောင့် ရှောင်းကျန့် အနောက်ဆုတ်ရင်း တဖြေးဖြေးToiletထဲ ပြန်ရောက်သွားရသည်။

"ဘာ....ဘာလုပ်ကြမလို့လဲ..
ကိုကိုရေ!!!"

အသံကုန်ဟစ်ပြီး ကိုကို့အားအော်ခေါ်ပေမဲ့ ဘယ်လိုမှကြားနိုင်မှာမဟုတ်မှန်းရှောင်းကျန့်သိတာမို့ မျက်ရည်က အလိုလို၀ဲတက်လာ၏။

"အနားကပ်မလာနဲ့!!
လက်ကို အခုလွှတ်ပေး...!!"

ရှောင်းကျန့်၏လက်ကောက်၀တ်ဖြူဖြူလေးအား လာဆွဲသည့်လက်ကြီးကြောင့် ကြောက်အားလန့်အားနှင့် ခြေထောက်နားရှိ အမှိုက်ပုံးနှင့် ကောက်ထုပစ်လိုက်သည်မှာ ဒုံးခနဲ။

မိမိအလစ်မှာရိုက်ခံလိုက်ရတာမို့ ထိုလူကြီးမှာ နာသွားသောခေါင်းကိုလက်နှင့်ဖိကာ ရှောင်းကျန့်အား စူးရဲသောမျက်လုံးများနှင့် ကြည့်လာသည်။

ရှောင်းကျန့်ကလဲ ​ထိုအနားမှအလျင်အမြန်ပင် Toiletအခန်းထဲ၀င်ပြေးကာ တံခါလော့ချပစ်လိုက်၏။

"ကောင်လေး! တံခါးဖွင့်စမ်း
ငါတို့ကမင်းကို ဒုက္ခပေးမဲ့လူတွေမဟုတ်ပါဘူး"

တံခါးအား တဘုန်းဘုန်းထုရိုက်နေသည့်လူတွေကြောင့် ကြောက်လန့်ကာရှောင်းကျန့်ကိုယ်လေးက တုန်ယင်နေတော့သည်။

"အဲ့တာဆို ဘာဖြစ်လို့ လူကိုပြန်ပေးဆွဲမဲ့ရုပ်တွေနဲ့ကြည့်နေကြတာလဲ
ကျွန်တော်မယုံဘူး!!
ကယ်ကြပါအုံး!....ကိုကိုရေ..."

Toiletအခန်းထဲမှ ရှောင်းကျန့်၏အသံလေးကား အပြင်သို့ ခပ်စူးစူးထွက်သွားသည်။
ဒါပေမဲ့ အခြားလူတစ်ဦးတစ်ယောက်မှရှိမနေတာမို့ ရှောင်းကျန့်မှာ လွတ်လမ်းမရှိ။

Dear Medical Student[Completed]Where stories live. Discover now