Unicode
နောက်တစ်နေ့ နံနက်ခင်း၌
"ဝါး...၀ရံတာက တိုက်လာတဲ့လေတွေက အရမ်းအေးချမ်းတာပဲ..."
အခန်းအပြင်ဘက်၀ရံတာသို့ထွက်ကာ မျက်လုံးမှတ်ရင်းလေညှင်းခံနေသည့် ရှောင်းကျန့်။
ရှောင်းကျန့်အပိုင်ရထားသည့်အခန်းလေးနှင့် ကိုကိုလေး၏ အခန်းက ကပ်လျှက်ဖြစ်ပြီး တခြားအခန်းများနှင့်မတူဘဲ လသာဆောင်လို ပြတင်းပေါက်ဘက်၌ အခန်းပိုတစ်ခု ပူးတွဲ ပါတာကြောင့် ထိုနေရာလေးက ပန်းချီဆွဲရန်အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
အန်ကယ်၀မ်ရိလင်းကတော့ လူကြီးပီပီ ရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်တာမို့ သူ့အခန်းက သာမာန်အခန်းပုံစံအတိုင်းသာ။နောက်နေ့တွေရောက်ရင်လဲ ရှောင်းကျန့်က အခန်းထဲမှာ စာမကျက်ပဲ ၀ရံတာမှာ စာထွက်ကျက်ဖို့တောင်စိတ်ကူးထားသည်။
"ဟီး....ပန်းချီဆွဲမယ် ပန်းချီဆွဲမယ်"
မြှောက်ကြွမြှောက်ကြနှင့် အခန်းထဲပြန်၀င်သွားသည့်ရှောင်းကျန့်က သူ့ကိုကိုလေး မနေ့က၀ယ်ပေးသည့် ဆေးခွက်နှင့် စာရွက်ဖြူအား သွားယူခြင်းဖြစ်သည်။
ကိုကိုလေးက အနေအေးပေမဲ့ ပေါင်းကြည့်တော့လဲ သူ့အပေါ် တကယ့်ကိုနွေထွေးတာ။
°°°°°°°°°
"မဖြစ်နိုင်ဘူး ဒယ်ဒီ
အဲ့ဒီတစ်ခုကိုတော့ ကျွန်တော်မလုပ်ပေးနိုင်ဘူး"ကုတင်ပေါ် ပုစွန်ထုတ်ကွေးလေးကွေးနေသည့် ဒယ်ဒီ့ကိုကြည့်ကာ ရိပေါ်ခေါင်းအား တဆက်ဆက်ခါရင်း ငြင်းနေပါသည်။
မနက်အစောကြီးရှိသေးတယ်၊ရိပေါ်ကို အကြောင်းမရှိအကြောင်းရှာကာ ခေါ်တွေ့ပြီး သူမလုပ်ပေးနိုင်သည့်ကိစ္စကို လုပ်ခိုင်းနေ၏။
ဒယ်ဒီ သူ့ကိုအသေသတ်လို့ရရင် သတ်ဖို့များ ကြံစည်နေသလားပဲ။"လုပ်လိုက်ပါကွာ....
ကုမ္ပဏီနဲ့ ရှောင်ကျန်တက်မဲ့ ဆေးကျောင်းနဲ့က လမ်းတစ်လမ်းတည်းကို
ကုမ္ပဏီသွားရင် ရှောင်းကျန့်ကိုခေါ်သွားပြီ အပြန်ကျ ပြန်တင်ခေါ်လာခဲ့လိုက်လေ
ဘာမှအပန်းမကြီးပါဘူး ငါ့သားရဲ့"
आप पढ़ रहे हैं
Dear Medical Student[Completed]
फैनफिक्शन☪️BJYXSZD💖 💚YiZhan FanFiction❤️ ဖခင်၏ ခိုင်းစေမှုကြောင့် တစ်ခါမှမမြင်ဖူးသည့် လူတစ်ယောက်အား မိမိဆန္ဒမပါပဲ မွေးစားလိုက်ရသည့် //၀မ်ရိပေါ်// မိဘမဲ့ဘ၀ကိုအေးဆေးစွာဖြတ်သန်းနေစဥ် မိမိထက် အသက်သုံးနှစ်သာကြီးသော လူတစ်ယောက်ထံ မွေးစားခံလိုက်ရသည့် \\ရှောင်းကျ...