Unicode
ရှောင်းကျန့် နွားနို့ခွက်နှင့်ဗန်းအား ကြွေပြားပေါ်ချလိုက်ပြီး ရိပေါ်ခန္ဓာကိုယ်ကြီးကို အိပ်ခန်းဆီ မနိုင်မနင်းသယ်သွားပြီး ကုတင်ပေါ် ပစ်ချလိုက်၏။
ရိပေါ်က ထိုအတိုင်းလေး ကုတင်ပေါ် ကန့်လန့်ဖြတ်ရှိနေတာကြောင့် အလျားလိုက် ပြန်တည့်ပေးဖို့လိုသည်။
ရှောင်းကျန့် အင်္ကျီ၏ လက်ရှည်အား တံတောင်ဆစ်နားသို့ ဆွဲတင်ပြီး ကုတင်ပေါ် တက်လိုက်ပြီး ရိပေါ်ကို ဂျိုင်းမှ ဆွဲကာ ခေါင်းအုံးပေါ် ခေါင်းတင်ပေးရ၏။
လေးလိုက်တဲ့ ခန္ဓာကိုယ်ကြီးရယ်...
ကုတင်ပေါ်မှ တွဲလောင်းကျနေသော ရိပေါ်ရဲ့ခြေထောက်တွေကိုကြည့်ပြီး ရှောင်းကျန့်ကုတင်ပေါ်မှ ပြန်ဆင်းကာ ခြေကျင်း၀တ်နှစ်ခုကို ကိုင်ပြီး ကုတင်ပေါ် ဆန့်တင်ပေးလိုက်သည်။
ထို့နောက် ကုတင်ခြေရင်းတွင် လိပ်ထားသော စောင်ကိုဖြန့်လျှက် ရိပေါ်ကိုယ်ပေါ်သို့ ခြုံပေးပြန်သည်။
"ဟင်း..."
ရှောင်းကျန့် ရိပေါ်ရဲ့ ညည်းသံကြောင့် ဖျားနေတာကို သတိရသွားပြီး ငိုချင်လာ၏။
နွားနို့လေးတစ်ခွက် စေတနာနဲ့ လာပို့ပေးမိပါတယ်၊
အခုတော့ ဖျားနေတဲ့သခင်ကို ပြုစုပေးရမယ့် အိမ်စေလေးလိုဖြစ်နေသည်။ရှောင်ကျန့် ကုတင်အစွန်းတွင်တင်ထားသော ပုဝါအဖြူကိုအမှတ်တမဲ့တွေ့သွားပြီး ဆွဲယူကာ ရေချိုးခန်းကို လိုက်ရှာပြီး ရေချိုးခန်းထဲ၀င်သွား၏။
ခနအကြာ ရေတစက်စက်ကျနေသော ပုဝါအား ကိုင်လျှက် အိပ်ခန်းထဲ ပြေးရပြန်သည်။
"ကိုကိုလေး..ကိုကိုလေး...ကိုကို!"
ဆောင့်အော်လိုက်တော့ ရိပေါ်က မျက်မှောင်တစ်ချက် ကုတ်သွား၏။ကြည့်ရတာ အိပ်မပျော်သေးပေမဲ့ အဖျားရှိန်ကြောင့် စကားမပြောနိုင်ပုံပင်။
အိပ်ခန်း ပြတင်းပေါက်နားသွားကာ ပုဝါအား ရေအနည်းငယ်ထွက်အောင် အရည်ညှစ်လိုက်ပြီး
ရိပေါ်၏ နှဖူးပေါ်ရှိ ဆံစတစ်ချို့ကို လက်ကလေးဖြင့် အပေါ်သပ်တင်တော့ သု့နှဖူးပေါ်ရှိ ရှောင်းကျန့်လက်ကို မီးခဲတမျှ ပူခြစ်နေသော လက်ကြီးနှင့် လာရောက်ဆုပ်ကိုင်၏။
DU LIEST GERADE
Dear Medical Student[Completed]
Fanfiction☪️BJYXSZD💖 💚YiZhan FanFiction❤️ ဖခင်၏ ခိုင်းစေမှုကြောင့် တစ်ခါမှမမြင်ဖူးသည့် လူတစ်ယောက်အား မိမိဆန္ဒမပါပဲ မွေးစားလိုက်ရသည့် //၀မ်ရိပေါ်// မိဘမဲ့ဘ၀ကိုအေးဆေးစွာဖြတ်သန်းနေစဥ် မိမိထက် အသက်သုံးနှစ်သာကြီးသော လူတစ်ယောက်ထံ မွေးစားခံလိုက်ရသည့် \\ရှောင်းကျ...