အိပ်​ရေးပျက်တာ​တွေ များတာမို့ ဘယ်အချိန်ထဲက ဒီခုံ​ပေါ် အိပ်​ပျော်​နေမှန်း ကာရံညီညာလည်း မမှတ်မိပါ။ကိုယ်​ပေါ်မှာ ခြုံ​ပေးထားတဲ့ အကျီကို ဆွဲယူလိုက်ပြီး ခုံ​​ပေါ်လက်​​ထောက် အားပြုကာ ထလိုက်​တော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကြင်​နေသည်။

" မျက်နှာသစ်ဖို့ သွားတိုက်​ဆေးနဲ့ သွားတိုက်တံ၊ မျက်နှာသစ်​ဆေး။ မီးဖို​ချောင်ရဲ့​ဘေးမှာ ​ရေချိုးခန်းရှိတယ်။ အဲ့ဒီမှာ မျက်နှာသစ်လို့ရတယ်။ တဘက်က ဒီမှာ။ "

စိုင်းစွမ်းထက်ပိုင်က စားပွဲခုံ​ပေါ် ပစ္စည်းအသစ်​တွေ အကုန် တစ်ခုချင်းဆီ ချ​ပေးသည်။ ကာရံညီညာက ပတ်တီးဖြူဖြူ ပတ်ထားသည့် စိုင်းစွမ်းထက်ပိုင်၏ ညာဘက်လက်ဆစ်​​နေရာတွေကို ကြည့်​နေသည်။ စိုင်းစွမ်းထက်ပိုင်က ​မော့ကြည့်မှ အကြည့်ချင်းဆုံသွား​တော့ အခြားဖက် မျက်စံ​လေး ​​ရွှေ့သွားပြီး ပစ္စည်း​တွေ ကတိုက်ကရိုက်​ကောက်ကာ ​ရေချိုးခန်းဆီသွားသည်။

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာအိပ်ခဲ့သည့် ခုံမှာ ​ကျောမီကာ ထိုင်လိုက်ရင်း ​စောင့်​နေလိုက်သည်။

" အဝတ်အစားလဲချင်မယ်ထင်လို့ ဝယ်လာခဲ့တာ။ ကြည့်ပြီး အဆင်​ပြေတဲ့ တစ်စုံလဲလိုက်​လေ။ နံနက်စာကို အိမ်ပြန်ရင်းမှ လမ်းမှာ စားလိုက်ရ​အောင်။ "

" အင်း "

ကာရံညီညာက မျက်နှာ​လေးကို တဘက်နဲ့ ပွတ်သုတ်ရင်းမှ စိုင်းစွမ်းထက်ပိုင် ဝယ်လာ​ပေးတဲ့ စက္ကူအိတ်အဖြူထဲက ရှပ်အကျီနဲ့ဂျင်း​ဘောင်းဘီ အရှည်တစ်ထည်ကို ယူပြီး အထဲ ပြန်ဝင်သွားသည်။ခါးဆိုဒ်၊ လက်ဆိုဒ်​တွေကစ အကျီ​ရော​ဘောင်းဘီပါ ကာရံညီညာနဲ့ ကွက်တိပင်။

ကာရံညီညာ တစ်​ခေါက်ပြန်ထွက်လာ​တော့ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ လက်ထဲက အဝတ်အ​ပေ အိတ်ကို လာဆွဲသည်။ ပြီး​နောက် အိမ်အပြင်ကို ဦး​​ဆောင် ထွက်သွားပြီး ကာရံညီညာ့ကိုပါ ​စောင့်ပြီးမှ အိမ်တံခါး ပြန်ပိတ်သည်။​​​ကျောက်ဆည်ဘက်က ဒီအိမ်က ​ဒေါ်နန်းခမ်းလွင် ခြံစိုက်ဖို့အတွက် ဝယ်ထားတဲ့အိမ်​လေး။ ​မြေကွက်ကျယ်ကျယ်နဲ့ ​လေ​ကောင်း​​လေသန့်ရသည်။

First Love , Perfect Love (Completed)Where stories live. Discover now