ကျွန်တော်လဲအဝေးတံခါးကိုမှီကာအဝေးနည်းတူမျက်ရည်ကျမိသည်.....
'တောင်းပန်ပါတယ်အဝေး....မောင်အဝေးကိုချစ်ဖို့ကြိုးစားကြည့်ပေမဲ့မောင့်နှလုံးသားထဲမှာဆူးကဟိုးနေရာအတွင်းဖက်အထိနေရာယူထားလို့....မောင်...မောင်တောင်းပန်ပါတယ်ကွာ.......အင့်...'
အခန်းထဲကကောင်လေးဟာလဲစားပွဲပေါ်ကသူနဲ့မောင်တို့ရဲ့ရှားရှားပါးပါးတပုံတည်းသာရိုက်ဖူးတဲ့ပုံလေးကိုရင်ဝယ်ပိုက်ရင်းတစ်ယောက်တည်းစကားဆိုပြန်တော့သည်...
မချစ်မှန်းလဲသိပါတယ်မောင်....
အဝေးကိုအရိပ်တကြည့်ကြည့်နဲ့အထိခိုက်မခံတာလဲသိပါတယ်မောင်...
မောင့်ရင်ထဲမှာအဝေးအတွက်နေရာမရှိဘူးဆိုတာသိနေတာတောင်ဘာလို့အဝေးမိုက်ရူးရဲဆန်ဆန်မောင့်စီကရလာမဲ့အချစ်တွေကိုအရူးတစ်ယောက်လိုမျှော်လင့်တောင့်တနေရတာလဲ....
တကယ်ပါမောင်ရယ်...မချစ်ရင်လဲနေပါ..ဒါပေမဲ့သစ္စာတော့မဖောက်ပါနဲ့လား....?အဝေး....ဒီရင်ထဲကနေမခံစားနိုင်လို့ပါ.........
အဝေးအနာဂတ်ကိုမတွေးရဲဘူးမောင်.....
ခုအဝေးဗိုက်ထဲကမောင့်သွေးသားလေးလူ့လောကထဲရောက်လာတဲ့အခါကြအဝေးအပေါ်မောင်ခုလိုတွေဆက်လုပ်နေဦးမယ်ဆိုရင်အဝေး...အဝေးလုပ်ချင်တာတစ်ခုဘဲရှိတယ်မောင်...
ဟင့်...အဲ့တာကအဝေးဗိုက်ထဲက ကလေးလေးနဲ့အဝေး...ဒီလောက...မောင့်ဘေးကနေ....မောင်ရှာလို့မရနိုင်တဲ့ဟိုးလောကတဆုံးကိုထွက်သွားလိုက်ချင်တာ...
ပြောလို့မရဘူးလေ...သေခြင်းတရားကအဝေးတို့သားအဖပေါ်မှာတော့ပျော်ရွှင်မှုသုခဘုံလေးကိုယူဆောင်လာနိုင်တာဘဲမဟုတ်လား....?
------------------------------------------
၃လ.....
အဝေးဗိုက်ထဲကမောင့်သွေးသားလေးသုံးလတောင်ရောက်လာပြီ.....
အနည်းငယ်စူထွက်လာတဲ့ဗိုက်ကလေးကိုကြည့်တိုင်းပေါက်ထွက်သွားရင်ရောဆိုပြီးတွေးကာအဝေးကြောက်မိပေမဲ့မောင်ကတော့အသဲယားစွာလာလာတို့ကြည့်တတ်သည်......
YOU ARE READING
Love or hate
Romanceသိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထားပါ..အတိတ်ကအဝေးရဲ့အမုန်းကိုခုဘဝမှာသင်ပုန်းချေဖို့မောင်ကြိုးစားမှာမို့မင်းဘက်ကမောင့်ကိုခွင့်လွှတ်ပေးဖို့ပြင်ထားပေးပါအဝေး....ဒါဟာလဲမောင့်အတ္တ...
Chapter14(Unicode+Zawgyi)
Start from the beginning