"ကျွန်တော့်ရည်မှန်းချက်က ဆရာ၀န်ဖြစ်ချင်တာ
ကိုကို့ရည်မှန်းချက်က ဘာလဲဟင်"

သူ့အကွက်ထဲ၀င်လာပြီမို့ ရိပေါ်က ရှောင်းကျန့်အနားတိုး၍ ခါးသေးသေးအား အသာဖက်ကာ ခပ်တည်တည်ဖြင့်

"ကိုကို့ရည်မှန်းချက်က ရှောင်းကျန့်ယောကျ်ားဖြစ်ဖို့!"

ထိုစကားကိုကြားကြားချင်း ရှောင်းကျန့်က ခေါင်းလေးငြိမ့်နေပေမဲ့ ထိုစကားရဲ့အဓိပ္ပါယ်ကိုသိသွားပြီးနောက် မျက်လုံးပြူးကာ ကိုကိုလေးအားမော့ကြည့်မိသည်။

ပြီတီတီနှင့် ပြန်ကြည့်နေသည့်ကိုကိုလေးကြောင့် ရှောင်းကျန့်ဆူပုတ်စွာ လက်သီးဆုပ်ဖြင့် ရင်အုပ်မာမာကြီးအား တစ်ချက်ထုလိုက်၏။

"မဟုတ်ဘဲနဲ့! "

"ဟုတ်ပါတယ်ကွာ..."

"ကိုကို ကျွန်တော်နဲ့မတွေ့ခင်တုန်းက ဘာရည်မှန်းထားလဲ"

ရိပေါ်ကမေးစေ့ပွတ်ကာ စဥ်းစား၏။

"အဲ့အချိန်တုန်းကတော့ ကိုကိုက မိသားစုလုပ်ငန်းတွေကို ဦးစီးနေရတာဆိုတော့ ရည်မှန်းချက်က ဘာမှန်းတောင်မသိဘူး
ကိုယ့်ဆေးကျောင်းသားလေးရောက်လာပြီးမှ ရှောင်းကျန့်ယောကျ်ားဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိသွားတာ"

"ပြောတော့ စစတွေ့တုန်းက ကျွန်တော့်ကိုမကြိုက်ဘူးဆို..."

"အခုအရမ်းကြိုက်တယ်လေ"

"အဲ့တုန်းက ကိုကိုကျွန်တော့်ကို မကြည်ဘဲနဲ့
စကားတောင် သိပ်မပြောဘူးလေ..ရိုင်းလဲရိုင်းတယ်"

အမှတ်သည်းခြေကြီးသော ဤကောင်လေးကိုရိပေါ်လက်ဖျားခါရပါသည်။

သူပြောသမျှစကားအားလုံးကို ဆေးစာတွေအပြည့်နဲ့ဦးနှောက်လေးက မှတ်ထားတော့တာပဲ။

ထိုအချိန်က ရိပေါ်ဟာ ဒယ်ဒီ့ကိုရွဲ့ချင်စိတ်ပဲရှိခဲ့တာမို့ ရှောင်းကျန့်အား ရိုင်းပြစွာဆက်ဆံမိခဲ့တာပါ။
နောက်ပြီး ရှောင်းကျန့်က သူ့ကို ဂျစ်ကန်ကန်လေးပြန်ပြောတော့ ပိုရွဲ့ပြလိုက်ခြင်းဖြစ်သည်။
အခုတော့ဖြင့် ဒယ်ဒီ့ကိုရွဲ့ချင်စိတ်ထက် ဆေးကျောင်းသားလေးကိုချစ်တဲ့စိတ်က ပိုများသွားပြီမို့....

Dear Medical Student[Completed]Where stories live. Discover now