Chapter13(Unicode+Zawgyi)

Start from the beginning
                                    

'အ့...ဟင့်..မေမေကြီး....'

'နင်...တော်တော်မလွယ်တဲ့ဟာမ....ဒီကိစ္စ..သားသာသိရင်မိုးမီးလောင်လိမ့်မယ်..သိလား...?နင်..နင်...'
'ဒါကဘာဖြစ်နေကြတာလဲမာမီ...မနက်စောစောစီးစီးကြီး..'

'အဲ..သား....နိုးလာပြီလား...?'

'အင်း....မာမီတို့ဒီလောက်ဆူညံနေတာဆက်အိပ်လို့ရပါ့မလားမာမီရာ....'

'အော်...အင်း...ဒီကောင်မအသုံးမကျလို့ပြောနေတာပါသားရယ်....'.

'ထားပါ..ဒါနဲ့မာမီ...'

'အင်း...ပြောလေသား...'

'အဝေးကိုတွေ့မိသေးလား....?'မနက်အိပ်ယာထကတည်းကသူ့ကိုမတွေ့မိဘူး...မီးဖိုထဲလဲမရှိဘူး...ခြံထဲရော...အခန်းထဲလဲမရှိဘူး.....မာမီရောအဝေးကိုတွေ့မိသေးလား...?'

'အင်း...ဟို...ဟဲ့..မိပု...နင့်အကိုလေးမေးနေတယ်မလား...ဖြေလိုက်လေ..ဘာကြောင်ကြည့်နေတာလဲ...?'

'အဲ...ဟုတ်..ဟို..အကိုလေး....တာရာဝေးကအိမ်မှာဟင်းချက်စရာကုန်နေတဘ်ဆိုတာနဲ့ဈေးသွားတယ်....'

'အော်....ဟုတ်လား...'

မမှိတ်မသုန်ကြည့်လာတဲ့အကိုလေးကိုကြောက်မိပေမဲ့တစ်ခုခုဖြစ်မယ်ထင်ထားတဲ့အချိန်ဘာမှမဖြစ်သွားတော့အံ့ဩမိတာအမှန်ပင်..အနည်းဆုံးတော့ကျွန်မအဆူအဆဲခံရပြီထင်ခဲ့တာ...

ခုတော့ဟိုလူဈေးသွားတာသူနဲ့မဆိုင်သည့်အလားကော်ဖီတောင်အရသာခံသောက်နေတဲ့အကိုလေး....

တော်သေးတယ်ဘဲပြောရမယ်ထင်တယ်...ကိစ္စကဒီလောက်နဲ့ပြီးသွားလို့....

'မိပု....'

'ရှင်...အကိုလေး...'

'သူဘယ်အချိန်ကထွက်သွားတာလဲ...?'

'မ...မကြာသေးပါဘူး..လွန်ခဲ့တဲ့မိနစ်၂၀လောက်ကပါ....'

'အိုကေ...'

'သား...မင်းဘာလို့အေးဆေးဖြစ်နေတာလဲ..မင်းစိတ်မပူဘူးလား..?'

'ရှူး..မာမီ...ဟဲ့..မိပု....'

'ရှင်....'

'သူပြန်မလာရင်နင့်ကိုသေအောင်သတ်ပြစ်မှာကိုမှတ်ထား...'

'ရှင်....'

'ငါအလုပ်လုပ်တော့မယ်..အပေါ်ထပ်ကိုဘဲမနက်စာလာပို့လိုက်....ဟဲ့..ကြားလား..?'

Love  or hateWhere stories live. Discover now