နိဒါန်း (Uni + Zaw)

5.3K 106 0
                                    

(Unicode)

Author - 라닐슨생

Type _ web novel (KR)

Genre – fantasy, romance, drama

Translator – Galene

**********

ငါအိပ်ပျော်သွားပြီး မျက်လုံးကို ပြန်ဖွင့်လိုက်တဲ့အချိန် ငါက အဖြူရောင်သတို့သမီးဝတ်စုံနဲ့ အခြားတစ်ယောက်ဖြစ်နေတယ်။

အဲရင်စပီးလက်။

ငါက ဝတ္ထုရဲ့ ဗီလိန်မ ဖြစ်သွားတယ်။

ငါ့ရဲ့သတို့သား အဓိကဇာတ်လိုက်မင်းသားကတော့ တခြားမိန်းကလေးတစ်ယောက်နဲ့ အကြည်ဆိုက်နေ တယ်။ အဲ့ဒီမိန်းကလေးကတော့ ဇာတ်လိုက်မင်းသမီး တစ်ဖြစ်လဲ သူ့ရဲ့ ချစ်သူမိန်းကလေးဖြစ်တဲ့သူ။

သူက အခြားလူတစ်ယောက်နဲ့ လက်ထပ်တော့မယ့် အချိန်မှာ ဘာတွေလုပ်နေတယ်လို့ သူတို့ထင်နေကြတာ လဲ။

ဒီလူက ဘာများကောင်းလို့လဲ။

ဒါပေမဲ့ အဲ့ဒီနောက်မှာ ဇာတ်ပို့သာသာ ဘယ်သူ့မှ မဖိတ်ထားတဲ့ ငါ့ကို တစ်ယောက်ယောက်က မေးတယ်။

"ဒီမှာပဲဆက်နေမလား၊ အပြင်ကိုထွက်မလား"

ငါက ကြက်သေသေနေပြီး ဖိနပ်ကလည်း မရှိတော့ အရှင့်သားက ငါ့ကို ရှူးဖိနပ်သစ်တစ်စုံ ပေးလိုက်တယ်။ သူက ငါ့အပေါ် တကယ်ကြင်နာတာပဲ။

"ပွဲလည်း ပြီးသွားပြီဆိုတော့ ဆက်နေဖို့ မလိုလောက်တော့ဘူး"

"ဆုံးဖြတ်တာ ကောင်းတယ်"

သူက လူကြီးလူကောင်းဆန်ဆန်နဲ့ လက်ဖြန့်ပေးလိုက်တဲ့အချိန်မှာ ငါသူ့လက်ကိုကိုင်လိုက်တယ်။

"ဇာတ်လိုက်မင်းသမီး၊ အဓိကမင်းသားကိုတော့ နင်ပဲ ယူလိုက်တော့"


***********

ဇာတ်ကောင်များ

အဲရင်စပီးလက်

စပီးလက်မိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သူနှင့် လက်ရှိအိမ်တော်၏ခေါင်းဆောင်။ မူရင်းဝတ္ထု၏ ဗီလိန်ဇာတ်ကောင်။

မင်းသားအီနော့ချ်ဒွဲလ်ရိုက်ဖိုရိုစ်

ကာရစ်အင်ပါယာ၏ တော်ဝင်မင်းသားနှင့် မူရင်းဝတ္ထု၏ ဒုတိယမင်းသား။

အဓိကမင်းသားကို ငါမလိုဘူး [ဘာသာပြန်]Where stories live. Discover now