စိုင်းစွမ်းထက်ပိုင်က စိတ်လှုပ်ရှား​နေဟန် ကာရံညီညာ၏ မျက်စံဝိုင်းဝိုင်း​လေး​တွေကို အ​​သေးစိတ်​ငေးကြည့်ရင်း အ​ဖြေကို ​မျှော်လင့်စွာ​စောင့်​နေသည်။

" အဲ့ဒါ ... "

ကာရံညီညာလည်း ဘယ်လို ​ဖြေရမလဲ မသိပါ။အမှန်တိုင်း ဝန်ခံရရင်ဖြင့် အ​မေဖြစ်သူကို ဖွင့်​ပြောရဲ​ပေမယ့် အ​ဖေ့ကို​​တော့ ​ကြောက်ပါသည်။​ယောကျ်ား​လေး တစ်​ယောက်နဲ့ ချစ်ကြိုက်​​နေပါသည်ဆိုတာမျိုး ​ပြောပြဖို့ ခက်ခဲသည်။

" ကျွန်​​တော်တို့ အသက်ပြည့်ပြီး​နေပြီ​လေ။ ဘာလို့ ​တွေ​ဝေ​နေတာလဲ။ "

" ​တွေ​ဝေတာ မဟုတ်ပါဘူး။ ငါ ဖွင့်​ပြောမှာပါ။ အချိန်နည်းနည်း​လောက် ​ပေးပါဦး။ "

" အင်းပါ ... အရမ်းမ​တွေးပါနဲ့။ကျွန်​တော်က ဒီအတိုင်းပဲ ​ပြောလိုက်တာပါ။ "

ကာရံညီညာ့ကို စိတ်မရှုပ်​စေချင်တာမို့ စိုင်းစွမ်းထက်ပိုင်က ​ပေါ့​ပေါ့ပါးပါးသာ ​ပြောလိုက်သည်။​​ဘေးတိုက်မြင်​နေရတဲ့ မျက်ခုံးတန်းတန်း​လေးနဲ့ နှာ​ခေါင်းချွန်ချွန်​​လေးရှိတဲ့ စိုင်းစွမ်းထက်ပိုင်ကို ကြည့်ကာ ကာရံညီညာက ​မေးလိုက်သည်။

" မင်းက လက်ထပ်ချင်​နေပြီလား။ "

" ​​မေးတတ်ပါ့။ လက်ထပ်ချင်ပြီ​ပေါ့ဗျ။ ရည်းစားသက်တမ်း​​​​တောင် ငါးနှစ်​ကျော် ​ခြောက်နှစ်ထဲ​ရောက်​နေပြီ​လေ။ "

" ငါက မင်း​ဘွဲ့ရပြီးမှ လက်ထပ်ဖို့ ကိစ္စ စီစဥ်ကြမလားလို့​လေ။ "

" ဘုန်းကြီးဝတ်တုန်းက ​ပေးတဲ့ဘွဲ့ ဦးပညာနန္ဒတဲ့။ ဘွဲ့ရမှယူမယ်ဆို ယူလို့ရ​နေပြီ။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ခါးကို လိမ်ဆွဲလိုက်ရင်းမှ​ ​ပြောသည်။

" စလာပြီ။ စကား​ကောင်း ​ပြော​နေရင် စလာပြီ။ "

ရှပ်အကျီအညိုလက်ရှည်နဲ့  Style pantအနက်​ရောင် အ​ပျော့သား ဝတ်ထားတာမို့ ကာရံညီညာ ဆွဲလိမ်တာ စိုင်းစွမ်းထက်ပိုင် ​တော်​​​တော်​လေး နာပါသည်။

" အာ့ ... နာတယ်ဗျ။ "

" နာ​အောင်လုပ်တာ​ပဲ ... ခံ​ပေါ့။ "

First Love , Perfect Love (Completed)Where stories live. Discover now