Chapter 6 《Part 1》

9.2K 769 5
                                    

Chapter 6 《Part 1》

Associated  Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69
Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; 6 ,10 ,2021
=======================

Nuonuo သူ့ကိုကြည့်လိုက်တယ်။ သူမပြေး
ချင်တယ်, သူမဒီကိုမလာခဲ့သင့်ဘူး မဟုတ်
လား? ချုံးလီ (Qiu Li)က သူမကို ချီးကျူးစကားပြော လိမ့်မယ်၊ ပြီးရင် သူ
သူမကို သတ်ပစ်မှာ ကြောက်တယ်.။

ဘေးရှိ ငနဲများမှာ Nuonuo အား သေနတ်ဖြင့်
ချိန်ထားသည်ကို မြင်သော်လည်း မျက်မမြင်
များကဲ့သို့ မသိကျိုးနွန် ပြုနေခဲ့ကြသည်။
ကျန်း ချင်းတု ( Zhang Qingduo) က
အံ့အားသင့်စွာပြောလာသည်။
"မဟုတ်ဘူး , သေနတ်"

၎င်းသည် ယခုခေတ် modern သေနတ်
မဟုတ်ပေ, ၎င်းက တရုတ် ပြည်သူ့သမ္မတ
နိုင်ငံခေတ်က သေနတ်ဖြစ်သည်။

ချုံးလီ (Qiu Li ) Nuonuo ကို ကြည့်လိုက်ပြီး
သေနတ်ကို သေတ္တာ အတွင်းသို့ဖြေး ဖြေးချင်း
ပြန်ထည့်လိုက်တယ် ။

Nuonuoက တောင်တင်းနေပြီ။

"လာ"

Nuonuo မသိမသာဖြစ်လုနီး ဖြတ်သွားလိုက်
တယ် ။

သူနှင့် ဆန့်ကျင်ဘက် , ကျန်း ချင်းတု (Zhang Qingduo)က သူ၏မျက်ခုံးများကို မြှင့်လိုက်
ပြီး မေးလာသည် , " အစ်ကို လီ , သူမကို
ရွေးလိုက်တာလား?"

Chen Qian  ၏ မျက်နှာသည် ရုပ်
ဆိုးနေသည်။

ချုံးလီ (Qiu Li) က သူ့တို့ကို မသိကျိုးနွန် ပြု
လိုက်သည်။

သူတို့ကစားနေသော ဂိမ်းသည် အလွန်
ရယ်စရာကောင်းသည်၊ ပုလင်းအဝ ညွှန်ပြ
လာသည့် ဘယ်သူမဆို တစ်မိနစ်ခန့်နမ်းဖို့
တစ်ယောက်ယောက်ကို ရှာရမည်ဖြစ်သည်။

ဘာတွေဖြစ်နေလဲဆိုတာ Nuonuo မသိပေ။
ချုံးလီ (Qiu Li) ကသူမကိုဆွဲလိုက်ပြီး သူ့ပေါင်
ပေါ်၌တင်ထားသည်။

အနီးကပ်၌ သူ့၏ မျက်စံများသည်
အနက်ရောင် မဟုတ်ဘဲ
မီးခိုးဖျော့ ရောင်ဖြစ်ကြောင်း သူမရှင်းလင်း
စွာမြင်လိုက်တယ်။

သူ၏ လက်မောင်းများအတွင်း၌ သူမက
တုန်ယင်နေသည်။

ချုံးလီ (Qiu Li) ၏ အမူအရာက မပြောင်း
လဲဘဲ သူက  သူမကိုနမ်းရန် တိုးလာသည်။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now