Chapter 118

2.1K 218 11
                                    

Chapter 118

Associated Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; December 30 , 2022
=======================

Nuonuo က ငိုပြီး ,
" ကျွန်​မ မလိုချင်​ဘူး , ရှင်​ကျွန်​မကို လွှတ်​​ပေး။
ဝူး...., ရှင်​ ကျွန်​မကို ဒီလိုမျိုး အတင်းအကြပ်
လုပ်​ရင်​ အဆုံးသတ်​မှာ ​ကောင်းတာဘာမှ
ရှိမှာမဟုတ်​ဘူး.. ။ ကျွန်​မ ရှင့်​ကို ဓားနဲ့
နောက်​တစ်​ကြိမ်​ ထပ်​ထိုးတာ ဖြစ်​​ကောင်းဖြစ်​နိုင်​တယ်​ .."

သူက အ​ရေးမစိုက်​စွာ ပြုံးပြီး သူမ ဆံပင်​ကို
ထိကာ ,
" မင်းက ဒီလို ဟာမျိုးကို ​ကြောက်​တာလား ?"

Nuonuo က အလှည့်​အ​ပြောင်း ​ရောက်​ရှိလာ
ပြီဟု ခံစားရပြီး မြန်​မြန်​ဆန်​ဆန်​ ​ခေါင်းငြိမ့်
လိုက်​တယ်​ ။

သူက ​အေးတိ​အေးစက်​ မျက်​​မှောင်​ကြုတ်
ပြီး , " ဒါ​ပေမဲ့ အဲ့ဒါက တစ်​ကြိမ်​ပဲနာမှာ ,
ဒုတိယအကြိမ်​ဆို နာ​တော့မှာ မဟုတ်​ဘူး
ပြီး​တော့ ဒီလို နာကျင်​မူကို မင်း အ​ကောင်းဆုံး
အမှတ်​ရ​နေဖို့ ကိုယ်​ ​သေချာ​ပေါက်​ လုပ်
ပေးမယ်​ , ကိုယ့်​လိုပဲ , မင်း တစ်​သက်​လုံး
မှတ်​မိ​နေမှာ !"

Mr.Liu သင်​ယူခဲ့တာ​တွေကို သူ​တွေး​လိုက်​တယ်​ ။

ဒါ​ပေမဲ့ အဲ့ဒီအ​ကြောင်းကို သူ မ​တွေးချင်​ဘူး။
သူက သူ့မိန်းမ နဲ့ အိပ်​​ဖို့ ​လေ ။ သူမက
သူ့ကို ထိခွင့်​မပြုသည့်​အပြင်​ သူမက
ပြေး​တောင်​ ​ပြေးချင်​​နေ​သေးတာ ။

အဲ့ဒါက တူညီနိုင်​လား ?

Nuonuo ဟာ ဒါက အလကားပဲဆိုတာ
မြင်​လိုက်​ရတယ်​ ။ သူမက ​ဒေါကန်​ပြီး
ပြောလာတယ်​ ,
" Qiu Li ,အဲ့တာကို ​နောင်​တရမရနဲ့ ။
ရှင်​တကယ်​ လုပ်​ရဲရင်​ , ကျွန်​မ အခွင့်​အ​ရေး
ရတာနဲ့ ကျွန်​မ ရှင့်​ကို ဦးထုပ်​စိမ်းတစ်​လုံး
ပေးပစ်​လိုက်​မယ်​ "

သူ့ အမူအရာက အနည်းငယ်​ ​ပို၍ ​အေး
စက်​လာပြီး ," ဒါဆို မင်းက အရမ်း သတ္တိ ရှိ
တာပဲ "

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now