Chapter 22

5.9K 554 3
                                    

Chapter 22

Associated  Title:穿成霸总小逃妻
Author:藤萝为枝
English Title:Escaped Wife Of a Typrant CEO
English Translation; Wordrain69
Myanmar Title; အာဏာရှင် CEO ကြီး၏ဇနီးထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 29, 2022
=====================

လမ်းမီးများဟာ မှိန်​​ပြ​နေပြီး ​လေက
အပြင်​ဘက်​ထိ​အောင်​ တိုက်​ခတ်​​နေသည်​။

သူက Nuonuoအား ကြည့်လိုက်​​သော်​လည်း
Nuonuo က သူ့အားမကြည့်​ပေ , သူမက
တံခါးကိုဆွဲလိုက်​ပြီး အပြင်​ဘက်​သို့ ထွက်​သွားသည်​။

Nuonuo က သူ့အား​နောက်​တစ်​ကြိမ်​​တောင်းပန်​လျှင်​ ဒါမှမဟုတ်​ ​နောက်​ဆုံးအကြိမ်​ကလို ​ပွေ့ဖက်​လျှင်​ ချုံးလီ က
သူ့ စိတ်​ကို​ပြောင်းလဲလိမ့်မယ်ဆိုတာ
သူမသိတယ် ။ သို့​သော်​သူမဟာ သူ့အား
မ​တောင်းပန်​ချင်​ဘဲ သူ အ​ပေါ်ထား​သော သူမ၏ မုန်းတီးမူက အထွတ်​အထိပ်​ သို့​ရောက်​သွားခဲ့တယ်။

သူမ ကိုယ်​တိုင်​ သွားချင်​တယ်။

Nuonuo က ကားအပြင်​သို့ ထွက်​
လိုက်​​သောအခါ အပြင်​ဘက်​မှ
အ​အေးဓာတ်​ကို သူမ ခံစားလိုက်​ရသည်။

သူမ၏ ​ကျောင်းဝတ်​စုံက စိုစွတ်​​နေသည်​။

၎င်းက ​လေတိုက်​တာ​ကြောင့် အလွန်​
မသက်​မသာဖြစ်​​စေသည်​။

သူမက ဒီလို အထက်​စီးဆန်​တဲ့ အပြုအမူမျိုးကို ​ခွေး​ကျွေးပစ်​လိုက်​မည်​ ! ဒါဟာ
စုန့်လန်း အတွက်​ သူလုပ်​သင့်တဲ့ အရာဆိုတာ
ရှင်းလင်း​နေတာပဲ !

Nuonuo က သူ့အား မကြည့်ဘဲ villa ဆီသို့
လမ်း​လျှောက်​လိုက်​သည်​။

ချုံးလီ က ကားထဲတွင်​ ​​အေးစက်​​နေပုံရ၏ ..။

ဦး​လေး ဝမ်​က အနည်းငယ်​ စိတ်​​သောက
​ရောက်​​နေခဲ့သည်​။ သူ က  ချုံးလီ ကို
​ကြောက်​ သော်​လည်း Nuonuo
အား ရက်​ အနည်းငယ်​ခန့် ပို့ကြိုပြီး​
နောက်​မှာ​တော့ ​ကောင်​မ​လေးက
​ချိုမြိန်​ပြီး ​တော်​သည်​။ ထို့​ကြောင့်
သူဟာ ​သနားခံရန်​ ရဲဝံ့ခဲ့ပြီး ,
" မစ္စတာ ချုံး , မိန်းက​လေးရဲ့ အဝတ်​အစား​တွေက စို​နေတယ်​, သူမ အ​အေးမိ
လိမ့်မယ်​ ..။ သူမက ငယ်​ရွယ်​ပြီး မသိနားမလည်​လို့ပါ , မစ္စတာ..."

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now