Chapter 127

1.8K 191 7
                                    

Chapter 127

Associated  Title:穿成霸总小逃妻
Author : 藤萝为枝
English Title:Escaped Wife Of Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by @Li_Soung_Oo
Date ; January 17 ,2023
====================
  

Qiu Li က နှစ်ရက်လုံး ပြန်မလာသော်လည်း
ဥယျာဉ် ထဲတွင် အထူးကောင်းမွန်သော
လွှဲဒန်းတစ်ခု ရှိနေပြီး ထိပ်တွင် လှပသော
စပျစ်စင် တစ်စင်ရှိနေသည် ။

Nuonuo က လွှဲဒန်းပေါ်တွင် လွှဲနေချိန်,
အန်တီချန်းက သူမ ပြုတ်ကျမှာ ကြောက်၍
အနားတွင် အစေခံတစ်ယောက်နှင့်အတူ
စောင့်ကြည့်နေခဲ့တယ် ။

Nuonuo မေးလာတယ် , " Qiu Li , သူဘာလို့
အိမ်ပြန်မလာတာလဲ ?"

အန်တီချန်းက မျက်နှာထားတစ်ခုနှင့်
ပြောလာ၏ , " မဒမ် , CEO Qiu က အလုပ်
များနေပါတယ် "

Nuonuo ခေါင်းငြိမ့်လိုက်ပြီး , သူမက
အနည်းငယ် လမ်းပျောက်နေဟန် ,
" အို "

သူမက ရည်ရွယ်ချက် ရှိရှိ မကောင်းတဲ့အရာ
တွေကို ပြုလုပ်ခဲ့ပြီး Qiu Li အကြောင်း
ဂရုစိုက်ရန် ဟန်ဆောင် ဖို့ မလိုအပ်ပေ ။

သူ ပြန်မလာတာကို သူမ ပျော်သော်လည်း
Qiu Li က သူမရဲ့ လျစ်လျူရှု့ မူကို ဖမ်းမိ
သွားမည်ကို သူမ ကြောက်မိသည် ။
ဒါကြောင့် သူမက အလွန် ဂရုတစိုက် ပြုမူ
နေပြီး သူမ ရဲ့ အခန်းကိုပင် မပြန်ချေ ။
သူမက Qiu Li ၏ အခန်းတွင် အိပ်ခဲ့
သည် ။

သို့သော် , မီးဖိုချောင် ထဲတွင် ပေါ့ပါးတဲ့
ညစာကို ကြိုတင်ပြင်ဆင်နေတာကို Nuonuo
တွေ့လိုက်ရတယ် ။

သူမ ထိတ်လန့်သွားတယ် , သူ ပြန်လာပြီ
လား ?

ဒီရက်အတောအတွင်း သူမက သူ့ကို
သတိရနေဟန် ဟန်ဆောင်ခဲ့တယ် ။
Qiu Li က သူမပေါ်တွင် မျက်လုံးများထား
ရန်လူများကို စီစဉ် ပြုလုပ်ခဲ့သည်ကိုလဲ
အတည်ပြုခဲ့သည် ။ သူက သူ့ရဲ့
အရိုးတွေထဲကနေ အရူးအမူး ထိန်း
ချုပ်ချင်နေသေးတာပဲ ..။

တစ်စုံတစ်ယောက်က သူမကို ဗီလာထဲမှာ
အလင်းပေါက် ကင်မရာလေးများနှင့် အပြည့်
တပ်ဆင်ထားသည်ဟု ပြောလာလျှင်ပင်
သူမ အံ့သြမိမည် မဟုတ်ပေ ။

Nuonuo က စိုးရိမ်ကြောင့်ကြနေ သည်,
Qiu Li က နှစ်ရက်အတွင်း အခုလေးတင်ပြန်
လာတော့မည် ။ အနာဂတ်မှာ သူမ ဘာ
လုပ်ရပါ့မလဲ ?

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now