Chapter 83

2.7K 340 11
                                    

Zawgyi //


 
Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69

Myanmar Title; အာဏာရှင်​ CEO ကြီး၏ဇနီးထွက်​​ပြေးပြီ

Mm Translated by @Li_Soung_Oo
Date ; October 24 , 2022
======================

Nuonuo က ​လျှောက်​ဝင်​လာပြီး သူ့
လက်​ထဲမှ ​သေတ္တာအ​သေး​လေးတစ်​လုံးကို ​တွေ့လိုက်​တယ်​ ။

"ဖွင့်​ပြီး ကြည့်​လိုက်​ "

Nuonuo တုံ့ဆိုင်း ​နေပြီး ပန်း​ရောင်​​သေတ္တာ
အ​သေး​လေးကို ဖွင့်​လိုက်​တယ်​ ။

အထဲတွင်​ နူးညံ့​သော လက်​မူအတတ်​ဖြင့်
ကျွမ်းကျင်​စွာပြုလုပ်​ထားသည့်​ လက်​​ကောက်
တစ်​ကွင်းရှိ​နေသည်​ ။ ၎င်းတွင်​ ​လှပ​သော
ကျောက်​မြက်​​​ရတနာ ပန်းများနှင့်​ စီခြယ်
ထား၏ ။

Qiu Li က လက်​​ကောက်​ကို ​ကောက်​ယူ
လိုက်​ကာ , အဲ့တာကို ညင်​သာစွာ လှည့်
လိုက်​ပြီး​နောက်​ ခလုတ်​​လေးကိုဖိလိုက်
တယ်​ ။ သူ က သူမလက်​ကို ဆုပ်​ကိုင်
လိုက်​ပြီး သူမအား ​ကျောက်​မြက်​ရတနာ
ပန်းကို ညင်​သာစွာ ထိ​တွေ့​စေတယ်​ ။
လက်​​ကောက်​တွင်​ အက်​ကွဲရာတစ်​ခုရှိ​နေ
ကာ ၎င်းက ပွင့်​လာပြီး ထက်​ရှ​သော
ဓားသွားတစ်​ခု ​​ပေါ်ထွက်​လာ၏ ။

Nuonuo သူ့အားကြည့်​လိုက်​ပြီး သူမ ခဏမျှ
စကားမ​ပြောရဲ​ချေ ။

သူ ဘာ​တွေလုပ်​​နေတာလဲ ? သူက  ယူဆချက်​​တွေကို စာရင်းရှင်းဖို့ ကြိုးစား​နေတာလား?

Qiu Li က သူမအား လက်​​ကောက်​ ကို
ကိုင်​ခိုင်းပြီး ," မင်း ဓားတစ်​​ချောင်း ကို
မသယ်​သင့်​ဘူး ,  ဆိုးသွမ်း
တဲ့ လူတစ်​​ယောက်​နဲ့ မင်း ​တကယ်​​တွေ့
ရင်​ , ဓားက မင်းကို အန္တရာယ်​ ဖြစ်​​စေနိုင်
တယ်​ ။ မင်းဒါ ကို ဝတ်​ထား "

Nuonuo က ကြက်​​သေ ​သေ​နေကာ
အနည်းငယ်​မှင်​တတ်​သွားပြီး သူမရဲ့ နှလုံး
သားထဲ၌ ​တွန့်​ဆုတ်​​နေသည်​ ။

သူက တုံးအတာလား ?

သူ အရမ်း​ဝေးသွားလို့ သူမ သူ့ကို ဒါနဲ့ သတ်​ပစ်​နိုင်​တာကို သူ မ​ကြောက်​ဘူးလား ?

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now