Chapter 159 - Chapter 160

2.3K 209 15
                                    

Chapter 159

  Associated  Title : 穿成霸总小逃妻
Author : 藤萝为枝
English Title : Escaped Wife Of a Typrant CEO
English Translation; Wordrain69
Mm Title; အာဏာရှင် CEO ကြီး၏ဇနီး
ထွက်ပြေးပြီ
Mm Translated by Xiao Li
Date ; February 23, 2023
__________________________


ထိုအမျိုးသား က အန္တရာယ် များကြောင်း
သင်္ကာမကင်းဖြစ်လာရာ , Nuonuo က
သူ့ကို ပိုလို့တောင် ကြောက်လာ၏ ။

သူမက ရေချိုးကန်ထဲတွင် မသက်မသာ
ထိုင်နေခဲ့တယ် ။ သူမ မျက်လုံးတွေက
အောက်ငုံ့ပြီး သူမ ဒူးပေါ်က ဒဏ်ရာကို
မြင်လိုက်ရတယ် ။ Qiu Li က သူ့နူတ်ခမ်း
တွေကို စုဝိုင်းလိုက်တယ် ။ သူမက သူ့ကို
မမှတ်မိဘူး ။ ဒါကြောင့် သူမက သူ့ကို
ကြောက်ရွံ့ခြင်း , သံသယ နဲ့ စိုးရိမ်ပူပန်စွာ
ကြည့်နေသော်လည်း အချစ်နဲ့ အမုန်းတော့
မရှိဘူး ။ သူမကို နှစ်ပေါင်းများစွာ မှတ်မိသတိရနေသူက သူတစ်ယောက်သာ ။

သူမရဲ့ သတ္တိနည်းတဲ့ အသွင်အပြင် က
တကယ်ကို သနားစဖွယ်ကောင်းနေပြီး
Qiu Li က တီးတိုးပြောလာတယ် ,
" မင်းဘာသာမင်း ရေချိုးနိုင်လား ?"

Nuonuo က အမြန်ခေါင်းငြိမ့်ပြီး , သူ အပြင်
မထွက်သွားမှာကို ကြောက်ရွံ့နေ၏ ။

သူမ ဘာကို ကြောက်ရွံ့နေမှန်း သူသိတယ် ,
ဒါက သူ့အပြစ်ပဲ ။ ဒါက သူနောက်မှာ ချန်
ထားခဲ့တဲ့ ဒဏ်ရာပဲ။ Qiu Li ရဲ့ မျက်စံတွေက
ကျုံ့သွားပြီး သူ့နှလုံးသား က တစစ်စစ်
ဖြစ်လာရတယ် ။ သူက ပြုံးပြီး သူမ ဆံပင်
ကို ညင်သာစွာ ထိတွေ့ကာ ,သူ့လေသံက
နူးညံ့နေပြီး , " ဒါဆို ကိုယ် အပြင်ထွက်တော့
မယ် ။ မင်း ဒဏ်ရာကို ရေစိုအောင်
လုပ်တာကနေ ရှောင်ရမယ်နော် "

သူမက သူ့ကို သလင်းကျောက်လို
ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေ
ခဲ့တယ် ။

Qiu Li က ထပြီး တံခါးကို ပိတ်ခဲ့လိုက်တယ်။

တံခါးပိတ်သွားပြီး ခဏတာတွင် ,
သူ့ ကျောရိုးက တံခါးရဲ့ ဆန့်ကျင်ဘက်
ကို ဖိကပ်သွားကာ, သူ့ စိတ်ခံစားချက်တွေ
က နောက်ဆုံးတော့ ကျိုးပဲ့ထွက်လာပြီး သူ့
ခန္ဓာကိုယ် က တဆတ်ဆတ်တုန်ယင်နေ
ခဲ့တယ် ။ ဤသန်မာတဲ့ စိတ်ခံစားချက်ကို
ဖိနှိပ်ရန် အလို့ငှါ, သူက အနည်းငယ်တော့
ထိတ်လန့်စရာကောင်းနေသည် ။

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now