34

5.2K 614 14
                                    

Zawgyi//





Translate by Z {13.3.2022 }


ချုံးလီ သည်​ သူ၏ နူတ်​ခမ်းများကို ​ကွေးလိုက်
ပြီး သူမအား ​ရှေ့သို့ ဆွဲလိုက်​သည်​...။

Nuonuo သည်​ သူဘာလိုချင်​လဲဆိုတာ မသိ
ဘဲ အနည်းငယ်​ စိတ်​ပူ​နေခဲ့သည်​..။

နောက်​ အခိုက်​အတန့် တွင်​ ချုံးလီသည်​ Nuonuo အား ငုံ့ကြည့်​​နေ​သော်​လည်း ..
လူတိုင်းကို ​ကြေညာခဲ့သည်​...,
"ဒါက ငါ့ရဲ့ ​သတို့သမီး ​လောင်း ,
Song Nuonuo "

Nuonuo သည်​ သူ့အား မယုံကြည်​နိုင်​မူ များ
နှင့်​ ကြည့်​လိုက်​သည်​..။

သူသည်​ သူ၏ နူတ်​ခမ်း များကို ​ကွေးလိုက်​ပြီး
သူမအား ကြည့်​လာသည်​...,
" Nuonuo က ငါ့ ကို အရမ်း ချစ်​တာ...,
မင်း ကိုယ့်​ကို မထားခဲ့ ဘူးမလား?"

Nuonuo သည်​ သူမ ၏ နှလုံးသား အတွင်း၌
ချမ်းစိမ့်​စိမ့်​ ဖြစ်​လာသည်​...။

လူတိုင်းသည်​ သူမ၏ အ​ဖြေကို ​စောင့်​​နေ
သော်​လည်း သူမသည်​ သူ့အား ဒီည ထား
ခဲ့ရန်​ စီစဉ်​ထားခဲ့သည်​..။

အနည်းဆုံး​တော့ ယခု သူမသည်
တစ်​ခုခု မှား​နေသည်​ကို သူ့အား ​ပေးမမြင်
နိုင်​ ​ပေ...။ Nuonuo သည်​ သူ့အား ငြင်းဆန်
ချင်​လိုပြီး တုန်​ယင်​ ​နေ​သော ဆန္ဒကို တွန်းလှန်
လိုက်​ပြီး ...မဝံ့မရဲ ​ပြောလာသည်​...,
"ဟုတ်​ကဲ့."

သူ၏ လက်​​ချောင်းများသည်​ သူမ၏
မျက်​လုံးများ ​ထောင့်​သို့ အသာအယာပွတ်
လိုက်​သည်​...။အပြုံးနိမ့်​​လေးနှင့်​ အတူ
သူသည်​ သူမ၏ နားအတွင်းသို့ ​ပြောလာ
သည်​...,"အရမ်း​ကောင်းတယ်​..., မင်းရဲ့ စကား
တွေကို မှတ်​ထားပါ "

Nuonuo သည်​ တစ်​ညလုံး ဒီ အပြုံးမျက်​လုံး
များအ​ကြောင်းကို ​တွေး​နေခဲ့သည်​...။

ဧည့်​ခံပွဲ သည်​ လျှင်​မြန်​ စွာ ပြီးဆုံးသွားပြီး
၎င်းသည်​ ချုံးလီ ​သေချာစီစဉ်​ထား​သော
ဇိမ်​ကျကျ  ဖြတ်​သန်းသွား​သည့်
မြင်​ကွင်းတစ်​ခု ဖြစ်​သည်​...။

လူတိုင်းပြန်​သွား​​သော အခါ အချိန်​သည်​ 11 နာရီ ဖြစ်​ပြီး မိုးသည်​ ညအချိန်​တွင်​ ယာယီ
ရပ်​တန့်​သွားခဲ့သည်​...။သူသည်​ သူမ၏ ဆံပင်
များကို ထိလိုက်​ပြီး သာမန်​ကာလျှံကာ ​ပြော
လာသည်​...,"အနားသွားယူ​တော့"

✔အာဏာရှင်CEOကြီး၏ဇနီးထွက်ပြေးသွားပြီ《MM Translation》Where stories live. Discover now