' အင်း ... မြန်မြန်​လေး ... '

' မြန်မြန်လာခဲ့မယ်။ ဖုန်းလွှဲ​ပေးလိုက်​နော်။ '

' အင်း '

စိုင်းစွမ်းထက်ပိုင်က ဖုန်းချပြီးသည်နှင့် စိုင်းရတုဟန်ကို အကျိုးအ​ကြောင်း​ပြောကာ ကာရံညီညာ့ဆီ ထွက်လာခဲ့လိုက်သည်။

" ဆိုင်ကယ်​သေချာ ​မောင်းတတ်တာလည်း မဟုတ်ဘဲ အသိမ​ပေးဘဲ သွားရတယ်လို့။ "

ဂရုဏာ​ဒေါသနဲ့သာ ​ပြော​နေမိ​ပေမယ့် လူ​တွေအများကြီးက အပြစ်​ပြောကြတာပဲ ဆိုပြီး ​ပြောလာတဲ့ အသံ​လေးကို ပြန်​တွေးမိ​တော့ စိတ်မ​ကောင်းဖြစ်တာက ပိုပါသည်။

တစ်နာရီ​​ကျော်လောက်ကြာ​ပြီး​နောက် မတ္တရာ မြို့အဝင်ကို ​​ရောက်လာသည်။ ကားပိုင်ရှင်နဲ့ ဖုန်းဆက်ရှင်းပြီးထားတာမို့ တိုက်မိတဲ့ကားကိုလည်း မြင်​နေရသည်။ ​ကား​နောက်ပိုင်း ​ဆေးပွန်းသွားရုံပါပဲ။ ကားက လမ်းဘက် ကန့်လန့်ကြီး ပိတ်ရပ်ထားသည်​ကြောင့်လည်း တိုက်မိတာဖြစ်မည်။

စိုင်းစွမ်းထက်ပိုင်က ကား​ပေါ်ကဆင်းလာပြီး​နောက် အနီးအနားက လမ်း​ဘေးဆိုင်​တွေကို မျက်လုံး​ဝေ့ကာ ကြည့်သည်။လက်ဖက်ရည်ဆိုင်နဲ့တွဲလျက် ဖွင့်ထားသည့် အ​အေးဆိုင်​လေးမှာ ကာရံညီညာက ​ပေါင်နှစ်ဖက်ကြား လက်​လေးညှပ်ထားပြီး ကုပ်ကုပ်​လေး ထိုင်​နေသည်။ ​ဘေးကစားပွဲမှာ အ​အေးဘူး ချထား​ပေမယ့် ဘူးအဖုံး​တောင် မဖွင့်​ရ​သေးဘူး။

" လူကို ရင်နာရ​အောင် သိပ်လုပ်တာပဲ။ "

စိုင်းစွမ်းထက်ပိုင်က ​ကျောပိုးအိတ် အနက်​လေးကကိုင်းကို တင်း​နေ​အောင် ဆွဲလိုက်ပြီးမှ ကာရံညီညာ့ဆီ သွားသည်။

" အစ်ကို "

ခပ်တိုးတိုး​ခေါ်လိုက်​တော့ ကာရံညီညာက ချက်ချင်း​​မော့ကြည့်သည်။ခုနကထိ တည်ငြိမ်​နေတဲ့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို မြင်လိုက်​တော့အားကိုးရာရသွားသလို မျက်လုံးဝိုင်းဝိုင်းနဲ့ မျက်စံနက်နက်​လေး​တွေက မျက်ရည်​တွေ ဝိုင်းလာသည်။လူကို စိတ်မ​ကောင်း ဖြစ်ရ​လေ​​အောင်။

First Love , Perfect Love (Completed)Waar verhalen tot leven komen. Ontdek het nu