Extra-1 (U&Z)

2.3K 173 4
                                    

နူးညံ့နွေးထွေးသည့် သံစဉ်က ဧည့်ခန်းကနေ အိပ်ခန်းထဲအထိ ပျံ့လွင့်လာသည်။

နားထဲမှာ ဖန်တလန်တေအောင် ရိုးအီနေပြီဖြစ်သည့် သီချင်းသံကြောင့် လျှန်းညီရဲ့ပြေလျော့နေတဲ့ မျက်ခုံးတန်းတစ်စုံဟာ စုကျုံ့သွားသည်။

အိပ်ရေးဝနေရင်တောင် အိပ်ရာထဲမှာ ဆယ်မိနစ်လောက် ပြန်မှိန်းရင်း အချိန်ဖြုန်းတတ်တဲ့ အကျင့်လေးတစ်ခု လျှန်းညီမှာ ရှိသည်။

အခုတော့ သီချင်းသံကြောင့် အိပ်ရာထဲမှာ ဆက်ပြီး နှပ်နေလို့ မရတော့...

သူရဲ့ တန်ဖိုးရှိတဲ့ ဇိမ်ယူချိန် ပျက်စီးသွားတာကြောင့် သိပ်တော့ ကျေနပ်မနေပါ။

ဒါပေမယ့်လည်း...

သူ့ကို ဘယ်လိုမှ ဆက်အိပ်လို့မရအောင် နှိပ်စက်နေသည့် အသံပိုင်ရှင်က သူကိုယ်တိုင်သာဖြစ်နေသည်မို့ ဘာမှ မတတ်နိုင်ပေ။

အိပ်ရာက ထပြီး ကိုယ်လက်သန့်စင်ကာ တရားခံကို ရှာတော့ သူက မီးဖိုခန်းမှာ သီချင်း တညည်းညည်းနဲ့ မနက်စာပြင်နေတယ်။

လျှန်းညီ နဲ့ အဂ်ဂါဦး တွဲနေပြီဆိုတာ သိပြီး နောက်နေ့မှာပဲ သုခေတ်သည် လျှန်းညီရဲ့ သီချင်းက အဂ်ဂါဦး အတွက်ရေးထားတာလားဆိုပြီး group chat ထဲမှာ ပေါ်တင်ကြီး မေးချတော့သည်။

လျှန်းညီက ဘယ်လိုလုပ်ပြီး သုခေတ်လို  သူ့ထက် အရင် နှစ်ပေါင်းများစွာကတည်းက ရည်းစားအတွက် သီချင်းရေးပြီး ကြူးခဲ့တဲ့ သဘာရင့်ဝါရင့် ပုဂ္ဂိုလ်ကို ညာလို့ရမှာတဲ့လဲ။

သူကိုယ်တိုင် ဟုတ်တယ်လို့မပြောပေမယ့် တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းဆိုတဲ့ သဘောတရားအတိုင်းပဲ ကျန်တဲ့ လူတွေ အကုန်လုံး သီချင်းရဲ့ နောက်ကွယ်က အကြောင်းအရာကို ရိပ်မိသွားကြတယ်။

အခြားသူတွေသိတာကို လျှန်းညီ စိတ်ထဲမထားပါ။
သူ့ကို သီချင်း ကိစ္စ စိတ်ထဲ မထားထားအောင် လုပ်နေတာက အဂ်ဂါဦး။

အဂ်ဂါဦးက သုခေတ် ဖော်ကောင်လုပ်လိုက်သည့် ထိုနေ့ထိုအချိန်ကစပြီး phone ringtone, alarm မြည်သံမှာ လျှန်းညီရဲ့ သီချင်းကို အစားထိုးလိုက်ရုံသာမက အားတဲ့အချိန်တိုင်း ထို သီချင်းကိုသာ ဖွင့်နားထောင်သည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now