(၁၄)

3.2K 296 0
                                    

ကျောင်းရဲ့ page ကနေ လာရောက်မယ့် ဧည့်သည်အနုပညာရှင်တွေကို ကြေညာပေးတဲ့ post က မိနစ်ပိုင်းအတွင်းမှာတင် ပွဲစည်သွားတယ်။

[ဘာလို့ ငါက Y University မှာ မတက်ခဲ့တာလဲ ]

[ဘယ်လို ဘယ်လို သုခေတ်ပါ လာမယ် ? လောကကြီး ဘယ်လိုဖြစ်သွားတာလဲ ]

[ Y တက္ကသိုလ် Farewell က ဒီနှစ် တော်တော်မိုက်တာနော် ]

[ငါလည်းသွားချင်တယ် အား!!!! ဘာလို့ အပြင်လူတွေကို လက်မှတ် မရောင်းရတာလဲလို့ ]

[ Y တက္ကသိုလ်က သူငယ်ချင်းတို့ရေ ပွဲလက်မှတ်ဝယ်ထားရင် fancam လေးတွေ ရိုက်ခဲ့ပေးပါ ကျေးဇူးမမေ့ပါဘူး ]

Y တက္ကသိုလ်က ကျောင်းသားတွေအတွက်လည်း ပွဲလက်မှတ်ဝယ်ဖို့ကလည်း လွယ်ကူမနေပါဘူး။

Post တင်တင်ပြီးချင်း မှာပဲ လက်မှတ်တွေ အကုန်ရောင်းထွက်သွားတယ်။

Stage က indoor stage ဖြစ်ပြီး ခုံပါတဲ့ရှေ့ဆုံးတန်းအချို့က ဆရာ ဆရာမတွေအတွက် ချန်ထားရသေးတယ်။ ပွဲက မိုးချုပ်တဲ့အထိကျင်းပမှာဖြစ်တာကြောင့် အချို့ ဆရာဆရာမတွေက သူတို့နေရာတွေကို ကျောင်းသားတွေအတွက်ပဲ ချန်ထားခဲ့ပါတယ်။ 

ဖျော်ဖြေမယ့် နေရာဟာ ကျောင်းရဲ့အပိုင် ကျယ်ဝန်းပြီး ခမ်းနားတဲ့ Theater ဖြစ်သည်။  ပွဲကြည့်စင်ဟာ နှစ်ထပ်ဖြစ်ကာ အောက်ဘက်က မတ်တပ်ရပ်တဲ့ အတန်းတွေရော အပေါ်က ထိုင်ခုံတွေပါ ခဏအတွင်းရောင်းကုန်သွားခဲ့တယ်။

အဲ့အတွက်ကြောင့် ဘုန်းမြတ်ဖြိုးခဗျာ ဖျော်ဖြေပွဲအတွက် လက်မှတ်ဝယ်လို့ မရလိုက်ပေ။

"ဘာလို့ ကိုယ့်ကို ကြိုမပြောတာလဲ "
ပွဲနေ့ရောက်တဲ့အထိ ဘုန်းမြတ်ဖြိုးက မရလိုက်တဲ့ လက်မှတ် အတွက် တသသဖြစ်နေဆဲ။

"ခဏလေး သီချင်းဆိုပြီး ပြန်မှာပဲကို လက်မှတ်ဝယ်ထားရင် အခြားလူတွေကိုပါ ထိုင်ကြည့်နေရမှာပေါ့ " သုခေတ်က ‌မြတ်မင်းခရဲ့ ဆံပင်ကို dryer နဲ့ မှုတ်ပေးနေရင်း ဆိုသည်။

"သားသားလည်း အခြားလူတွေ ကတာ ကြည့်ချင်တယ်လေ "

အစီအစဉ်က ဒီလိုမျိုး လွဲသွားမယ်လို့ သုခေတ် မထင်ထားတာကြောင့် နည်းနည်း အကြပ်ရိုက်‌သွားသည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now