(၁)

11.4K 552 3
                                    

လတ်တလောမှာ လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ဖျော်ဖြေရေးလောကရဲ့ ဆုပေးပွဲ အခမ်းအနားတစ်ခု...

ဒီနေ့ နိုင်ငံအတွင်း ရေပန်းအစားဆုံး အကြောင်းအရာက ထိုအခမ်းအနား၏ ဒီနှစ်အတွက် ဇကာတင် ဆုရှင်များပင်ဖြစ်သည်။

ဆုကြေငြာမယ့် အချိန်တိုင်းမှာ Live တွင် comment တွေက ပျားအုံတုတ်နဲ့ ထိုးမိသလို အုတ်အော်သောင်းနင်း တက်လာတယ်။

"ဒီနှစ်အတွက် အကောင်းဆုံး တေးရေးဆုကို ရရှိသွားသူကတော့..."

မီးရောင်တွေ လင်းထိန်နေတဲ့ စတိတ်စင်မှ အပ အနုပညာရှင်တွေရှိနေသည့် ထိုင်ခုံနေရာများက အမှောင်ကျသွားသည်။

ဆုချီးမြှင့်ပွဲတို့၏ ထုံးစံအတိုင်း MC က ဆုရရှိသူကို တန်း မကြေငြာပဲ အချိန်ဆွဲနေကာ စလိုက်မီးရောင်သည် ဆန်ကာတင် အနုပညာရှင်များကြား အပြန်ပြန်အလှန်လှန်ကူးသန်းလျက် ကြည့်ရှုသူ ပရိတ်သတ်အား ရင်ဖိုအောင် ကျီဆယ်နေသည်။

"'ကြယ်စင်တို့ရဲ့ ခြေရာ' သီချင်းကို ရေးစပ်ခဲ့တဲ့ သုခေတ်ဖြစ်ပါတယ် ခင်ဗျာ "

လက်ခုပ်သံတို့ ထွက်ပေါ်လာသည်။ စလိုက်မီးရောင်က ချောမောခန့်ညားတဲ့ အမျိုးသားပေါ်မှာ ဖြာကျနေသည်။

သို့သော် projector ပေါ်မှာပေါ်လာတဲ့ ထိုသူ့ရဲ့ ‌သုန်မှုန်နေသောမျက်နှာကြောင့် ပွဲခင်းထဲက လက်ခုပ်သံတွေ တိုးလျသွား၏။
မျက်ခုံးထင်းထင်းတွေက မျက်မှောင်ကျုံ့ထားတာကြောင့် ပိုပြီး ထင်ပေါ်နေကာ ပုံမှန်အတိုင်း နေရင်တောင် ပြုံးယောင်သမ်းနေသည့် နှုတ်ခမ်းထောင့်တို့က ညွှတ်ကိုင်းကျနေသည်။

ဆယ်နှစ်တာကာလအတွင်း ပြည်တွင်းရဲ့ အကျော်ကြားဆုံး အနုပညာရှင်စာရင်းဝင် သုခေတ်...

မိန်းကလေးတော်တော်များများကတော့ ထင်ရာဆိုင်းတတ်တဲ့ ကောင်ဆိုးလေး vibe ရှိတယ်လို့ သူ့ကို မှတ်ချက်ပေးကြသည်။

နောက်တော့မှ ပွဲခင်းထဲက လူတွေဟာ သတိချပ်မိသွားတော့တယ်။

'သောက်ကျိုးနဲ ဆုပေးတဲ့ အကဲဖြတ်တွေကတော့ မီး‌မွှေးလိုက်ပြန်ပြီ '

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now