(၁၅)

3.3K 292 0
                                    

သုခေတ်က လျှန်းညီနဲ့ ပတ်သတ်လာရင် အမြဲရှေ့ထွက်တတ်တယ်။
ဘာလို့လဲဆိုတော့ အွန်လိုင်းပေါ်မှာ ပျံ့သွားတဲ့ မဟုတ်က ဟုတ်က ဗီဒီယိုကြောင့် လျှန်းညီကို မိဘတွေကပါ အဆက်အဆံမလုပ်ကြတော့ဘူး။

နယ်မြို့မှာနေတဲ့ သူတို့ မိသားစုအတွက် လျှန်းညီရဲ့ ပြဿနာက အလွန်အင်မတန်ကို အကျည်းတန်တဲ့ အမည်းစက်လို့ ယူဆခဲ့ကြတယ်။
လျှန်းညီရဲ့ အမေမှာ နှလုံးရောဂါအခံရှိတယ်။ ဗီဒီယိုကိစ္စကြောင့် လျှန်းညီအမေရဲ့ ကျန်းမာရေးက အများကြီးဆုတ်ယုတ်သွားခဲ့တယ်။

လျှန်းညီက တရားစွဲပြီး ဒီကိစ္စကို ပြန်အစမဖော်ချင်ရတဲ့ အကြောင်းတွေထဲမှာ သူ့ရဲ့ မိသားစုဝင်တွေကြောင့်လည်းပါ‌မယ်လို့ သုခေတ်တွေးမိသည်။

"ကားထဲမှာပဲ စောင့်နေနော် ချက်ချင်းပြန်လာခဲ့မယ် "

သုခေတ်က ဘုန်းမြတ်ဖြိုးကို စကားပြန်ပြောဖို့ အချိန်တောင်မပေးဘဲ ကားပေါ်ကနေဆင်းသွားသည်။

ကလေးက ကားပေါ်မှာရှိနေတာကြောင့် ဘုန်းမြတ်ဖြိုး လိုက်သွားရကောင်းနိုး မလိုက်သွားရကောင်းနိုး တွေဝေနေသည်။

အဲ့ အချိန်မှာပဲ ကားဆီကို လျှောက်လာတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။

ရှယ်လီနဲ့ ဇွဲခန့်ကို...

သူတို့နှစ်ယောက်က ဘားထဲကို လှည့်ကြည့် လှည့်ကြည့်နဲ့  မပြန်သေးဘဲရှိနေသည်။

ဘုန်းမြတ်ဖြိုးက ကားရှေ့မီးကို အဖွင့်အပိတ်လုပ်ပြိး သူတို့ကို လှမ်းခေါ်လိုက်တယ်။

"ကိုဘုန်းပါ လိုက်လာတာလား" ဇွဲခန့်ကို က ဆိုသည်။

"ဟုတ်တယ်ဗျ သုခေတ်ဘယ်ကိုသွားတာလဲ "

"မျိုးသီဟနိုင် က လျှန်းညီကို အပေါ်ထပ်က သီးသန့်ခန်းကို ခေါ်သွားတယ်ထင်တယ် ကိုသုလည်း အဲ့ကို လိုက်သွားတယ် "

ဘုန်းမြတ်ဖြိုးက သူတို့နှစ်ယောက်ကို အကဲခတ်လိုက်သည်။

ရှယ်လီက အနည်းငယ် ထွေနေဟန်တူပြီး စကားသိပ်မပြောချေ။ ဇွဲခန့်ကို ကတော့ ပုံမှန်အတိုင်းရှိနေသေးသည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now