(၁၁)

3.3K 324 10
                                    

အိုးမျက်နှာပြင်ပေါ်မှာ ဝေ့လာတဲ့ ဆီတွေကို စစ်ထုတ်လိုက်တော့ ကြက်စွပ်ပြုတ်က ပိုပြီး စားချင်စဖွယ်ဖြစ်လာတယ်။

ဒေါ်မာလာနှင်းရောက်လာပြီးနောက်ပိုင်း သူမကပဲ မိခင်ဖြစ်သူအတွက် ကိုယ်တိုင် စီမံချက်ပြုတ်‌သည်။

"အဘွားစားခါနီးကျရင် နွေးပြီး ငရုတ်ကောင်းနဲ့ ကြက်သွန်မြိတ်လေးဖြူးပြီး ယူလာခဲ့ အရည်တွေအများကြီး မခပ်နဲ့နော် "

အိမ်အကူတွေကို မှာစရာရှိတာမှာကာ ဧည့်ခန်းထဲသို့ထွက်လာတော့ တစ်ယောက်တည်း အရုပ်ဆက်နေတဲ့ သုခေတ်ရဲ့ သားလေးကို တွေ့လိုက်ရတယ်။

"ဧည့်ခန်းထဲမှာ အရုပ်တွေ မဖွရဘူးလေ... စုနွယ် ဘယ်မှာလဲ အရုပ်တွေရှင်းပြီး ကလေးကို သူ့ အခန်းထဲခေါ်သွားလိုက် "

မစုနွယ်က မြတ်မင်းခရဲ့ အရုပ် အပိုင်းအစတွေကို ကောက်သိမ်းမယ်လုပ်တော့ မြတ်မင်းခက လက်မခံ။

"ဟင့်အင်း သိမ်းလို့မရဘူးလေ သားက တစ်ခုချင်းစီ သေချာခွဲထားတာကို တီတီက ပြန်ရောလိုက်တော့ သားက ဘယ်လိုလုပ် မှတ်မိတော့မှာလဲ တီတီရဲ့ "

"အပေါ်ရောက်ရင် တီတီပြန်ခွဲပေးမယ် "

"မရပါဘူး သားက သားဟာသား ဆက်ထားတာဆိုပြီး ဖေကြီးကို ပြမလို့ တီတီ ကူလို့မရဘူး "

ဒေါ်မာလာနှင်းက နထင်ကို လက်နဲ့ ဖိလိုက်သည်။

"ပြောမရလည်း ထားလိုက်တော့ဟေ့ ငါ အပေါ်မှာရှိမယ် အမေ့ နားမှာနေမလို့ "

မြတ်မင်းခက သူ့ဘာသူ ဆော့နေဆဲ။

ဒေါ်မေသူနှင်း အပေါ်ထပ်ရောက်တော့ အဖွားသူဇာရဲ့ အခန်းတံခါးကပွင့်လာပြီး ‌ဒေါ်မေသူနှင်းက အခန်းထဲကထွက်လာတယ်။
"အမေက တရေးအိပ်ဦးမလို့တဲ့ ‌"

"ဟယ် ငါက သူစားတော့မယ်ထင်လို့ လာမေးတာ "

"ညက တစ်ညလုံး အိပ်မပျော်လို့ထင်ပါရဲ့ "

"အဲ့ဒါဆို အတော်ပဲ ငါ နင့်ကို ပြောစရာရှိလို့ "

"ဘာပြောမလို့လဲ "

"ငါ့ အခန်းထဲမှာပြောမယ်..."

ဒေါ်မေသူနှင်းကလည်း ဒေါ်မာလာနှင်း နောက်ကလိုက်လာတယ်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now