(၇)

3.9K 329 0
                                    

သုခေတ် သီချင်းအတွက် တစ်ပတ်လုံး  အလုပ်ရှုပ်နေခဲ့သည်။ ဒီကြားထဲ အဖွဲ့တွေ အလီလီကွဲလိုက် ငြင်းခုန်လိုက်နဲ့။ တကယ်တမ်းတော့ သူ့ထက် PD teamက လူ တွေက ပို‌ပင်ပန်းကြတာဖြစ်သည်။ ကြိုတင်ပြင်ဆင်ခြင်းက တကယ့် ရိုက်ကူးရေးထက် ပိုပြီး အချိန်ယူရတာကြောင့် မူးနောက်စရာ meeting တွေ ကြားမှာ တစ်ပတ်က ဘယ်လိုကနေ ဘယ်လို ကုန်ဆုံးသွားမှန်းတောင် မသိလိုက်ဘူး။

PD မီးငယ်ရွေးထားတဲ့ သီချင်းက သုခေတ်နဂိုကတည်းက တွေးထားတဲ့ သီချင်းနဲ့ ကိုက်ညီသည်။

သီချင်းဟာ အသံရဲ့ လှပမှုကို အသားပေးထားတာဖြစ်ကာ စာသားရဲ့ စကားနှုန်းအသုံးအနှုန်း ကျစ်လျစ်ခိုင်မာမှုရှိသည့် အပြင် ဝေါဟာရတွေကလည်း ပြေပြစ်သည်။

အမှန်ဆို "Memory" ဆိုတဲ့ သီချင်းကို သုခေတ် ဇာတ်ကားတစ်ကားအတွက် ဇာတ်ဝင်သီချင်း အဖြစ်ရေးထားတာဖြစ်တယ်။ ရိုက်ကူးရေးမှာ ဇာတ်ဆောင် မင်းသားရဲ့ အကြီးစား issue တစ်ခုကြောင့် အကန့်အသက်မရှိ ရွေ့ဆိုင်းထားတာမို့ သီချင်းက ထွက်ရှိမလာရခြင်းဖြစ်၏။

ထို ဇာတ်ကားက Figure 9 ရဲ့ project ဖြစ်တယ်။ ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းအတွက် သုခေတ်က နောက်တစ်ပုဒ် ထပ်ရေးပေးမယ်ဆိုပြီး အကြိမ်ကြိမ် အာမဘန္တေခံတော့မှပဲ သူ့ အဖေနဲ့ အမေက ခေါင်းငြိမ့်တော့တယ်။

"ဟဲ့ သုခေတ် နင် ကလေးတွေအတွက် ဟို သီချင်းပြန်လုပ်ပေးဦးနော် "

"သူတို့က ပွဲဦးထွက်မလား ဘာလို့ အဲ့ 'Fu*k that break-up' ကိုပဲ အတင်းဆိုခိုင်းချင်နေရတာလဲ နိမိတ်မကောင်းဘူး အစ်မရဲ့ အခြား composer တွေ ဆီမှာ ကောင်းတဲ့ သီချင်းတွေ ရှိဦးမှာပဲလေ "

Team leader က 'နင်မသိပါဘူး သုခေတ်ရယ်'ဆိုတဲ့ ပုံနဲ့ မျက်တောင်တောင်ကို စင်းရင်း လက်တခါခါနဲ့ ဆိုလည်။

"မတူဘူးဟဲ့ မတူဘူး အခုနောက်ပိုင်းမှာ ဒီလို သီချင်းမျိုးက နားထဲပိုစွဲတယ် ကလေးတွေ အသံနဲ့လည်း လိုက်လို့ ငါကပြောတာ "

ဒီ အပျိုကြီးရဲ့ အစွဲအလမ်းက တော်ရုံမဟုတ်ဘူး။ ကြားထဲက အခုမှ ပွဲဦးထွက်မယ့် ကလေးတွေကို မဟုတ်က ဟုတ်က နာမည်နဲ့  သီချင်းကြီး မဆိုစေချင်တာကြောင့် သုခေတ် အပျိုကြီးနဲ့ ထပ်မံ ငြင်းခုန်ပြီးတော့ သီချင်းခေါင်းစဉ်ကို ပြောင်းလိုက်ပါတယ်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now