(၆)

4.3K 359 4
                                    

သုခေတ်က မျိုးသီဟနိုင်နဲ့ တွေ့ခဲ့တဲ့ ကိစ္စကို ဘယ်သူကိုမှ မပြောရသေးပေမယ့် သီဟမျိုးနိုင်ကတော့ အငြိမ်မနေဘဲ ရှင်လောင်း နတ်ပြသလို သူတို့ အဖွဲ့ထဲက လူတိုင်းကို ရည်ရွယ်ချက်ရှိရှိ လိုက်တွေ့နေဟန်တူသည်။

အရင်နေ့က သူ့ အဖေကြောင့် မျိုးသီဟနိုင်နဲ့ တွေ့လိုက်ရတဲ့ အကြောင်း သုခေတ်ပြောပြလိုက်တယ်။

"ဘာလဲဟ အဲ့ကောင်က ငါတို့ အကုန်လုံးကို လိုက်တွေ့နေတာလား "

"သူ့ ဆာဂျရီမျက်ခွက်ကြီးကို လိုက်ကြွားတာနေမှာပေါ့ "
ဇွဲခန့်ကိုက ခပ်ချေချေပြောရင်း ရီလေတယ်။

လျှန်းညီက ဘာမှပြောဘဲ ငြိမ်နေတာကြောင့် သုခေတ်က မေးလိုက်တယ်။
"မင်းကိုရော ဆက်သွယ်သေးလား "

"အင်း ပြန်ရောက်ကတည်းက စာပို့တယ် အပြင်မှာတော့ မတွေ့ဘူး "

"ဘာလို့ ငါကို မပြောတာလဲ အဲ့ကောင်ကရော ဘယ်လိုလုပ်ပြီး မင်း ဖုန်းနံပါတ်ကို သိသွားတာလဲ " အဂ္ဂါဦးက လျှန်းညီစကားကြောင့် ရှူးရှူးရှားရှားဖြစ်သွားတယ်။

မျိုးသီဟနိုင် ခြေတံလက်တံရှည်ပုံမျိုးနဲ့ ဒီနယ်ပယ်ထဲမှာ အလုပ်လုပ်နေတဲ့ ဘယ်သူ့ကို မဆို တီးခေါက်ကြည့်လိုက်ရင် လျှန်းညီရဲ့ ဖုန်းနံပါတ်ကိုရဖို့က မခက်။

"အဲ့ကောင် တစ်ခုခုပြဿနာရှာတာနဲ့ ငါတို့ကိုချက်ချင်း ပြောနော် "
သုခေတ် စကားကို လျှန်းညီက ခေါင်းညိမ့်တယ်။

"မပူပါနဲ့ သူ ထပ်ပြီး မစရဲလောက်တော့ပါဘူး "

သုခေတ်ကတော့ မထင်ပါ။

လျှန်းညီက ဘာမှ မဖြစ်သလို အေးအေးလူလူနေနေပေမယ့် သူ့ နှုတ်ခမ်းမှာ piercing အသစ်တစ်ခု ထပ်ဖောက်လိုက်ပြန်ပြီ။

ဒီကောင်လေးကတော့...

သုခေတ်လိုပဲ ဇွဲခန့်ကိုကလည်း လျှန်းညီရဲ့ piercing အသစ်ကို မြင်သွားတယ်။

"ညီညီ မင်းဘယ်တုန်းက ဖောက်လိုက်တာလဲ lip piercing "

"သိပ်မကြာသေးဘူး ဒါက "

လျှန်းညီရဲ့ နှုတ်ခမ်းက ဒဏ်ရာကြောင့် ခပ်ဖူးဖူးလေးဖြစ်နေတယ်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now