12

253 20 2
                                    

အပိုင်း ( ၁၂ )

ကိုထွဋ် သူ့ကလေး စိတ်ဆိုးလို့ ပြောတာပဲလို့ ထင်မှတ်ကာ ကိုယ်လုံးလေးကို ဆွဲဖက်လိုက်ပြီး နဖူးလေးကို နမ်းလိုက်သည်။

" အိမ်ထဲ ဝင်တော့ ကိုယ် ညကျမှ ဖုန်းဆက်မယ် "

ဝမ်းဝမ်း ကားပေါ်က ဆင်းပြီး ထိုလူကြီးကို လှည့်မကြည့်ဘဲ အိမ်ထဲ ဝင်သွားသည်။ ကိုထွဋ် သူ့ကိုယ်သူ အားတင်းကာ မမြခင်ဆီကနေ မမြတင့် ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

တတူတူ ဝင်သွားပေမဲ့ ဖုန်းက မကိုင်။ နောက်ဆုံး စာပို့ထားလိုက်သည်။

✉ကျွန်တော်က သွင်ချစ်သော်ချစ်သူပါ။ ခဏလောက် စကားပြောခွင့်ပေးပါ။

.............

" ဖြူ  သမီးက ဘယ်လိုလုပ် စေ့စပ်ပွဲက သဘက်ခါလဲ "

" ဖြူ့မိတ်ဆွေက သမီးလေးကို အရမ်းသဘောကျနေတာ။ အာ့တာကြောင့် အမြန်စီစဉ်ဖြစ်တာ "

" ဘာကြောင့် ကိုယ့်ကို မတိုင်ပင်ရတာလဲ "

" ကိုက အလုပ်မှ မအားတာ။ ဖြူ့ဘာသာပဲ စီစဉ်ရတာပေါ့။ ကိုက ဖြူ့ကို အပြစ်တင်ချင်တာလား "

" ကိုယ်က အပြစ်တင်နေတာ မဟုတ်ဘူးလေ။ သမီး လေးက အရမ်းငယ်သေးတယ်။ ကိုယ် ဘယ်လိုမှ သဘောမတူနိုင်ဘူး "

ထူးနိုင် ခေါင်းပေါက်ထွက်အောင် ဘယ်လိုပဲ စဉ်းစားပါစေ။ သူ့သမီး စေ့စပ်မည့်သူက ကိုယ်အချစ်ဆုံးသူငယ်ချင်း ချစ်သူတဲ့။ ကိုယ့်သူငယ်ချင်းကို မေးကြည့်တော့ ဟိုကလေး၏အဒေါ်အကြီးဆုံးက သိသွားပြီး ချက်ချင်းလက်ငင်း ကောက်ကာငင်ကာ စေ့စပ်ပွဲ ထလုပ်တယ်ဆိုပဲ။ ကြားထဲက သူ့သမီးက ဓားစာခံ ဖြစ်ရတော့မည်။

" သမီး ဆရာ့ကို ချစ်တယ် အဖေ "

ထူးနိုင် ဆရာဆိုသော အခေါ်ကြောင့် မျက်ခုံးပင့်မိသည်။ သားမိနှစ်ယောက် သူ မသိအောင် ဘာတွေလုပ်ထားတာလဲ။ ကိုယ်က ယုံကြည်တာကို အခွင့်ကောင်းယူတာလား။

" သမီးနဲ့ စေ့စပ်ပေးမယ်ဆိုတဲ့ကလေးက သမီးကို ဂိုက်လုပ်ပေးနေတဲ့ ဆရာလေ။ သမီးက သဘောကျတယ်ဆိုလို့ ဖြူကလည်း စေ့စပ်ဖို့ သဘောတူလိုက်တာ။ ကို့ ယုံကြည်မှုကို အလွဲသုံးစား လုပ်တာ မဟုတ်ပါဘူး "

ချစ်မေတ္တာ အိမ်ကလေး (or)  ဒီဝါကျွတ်ရင် လူပျိုကြီး ကျွတ်ပြီ Where stories live. Discover now