9

245 21 2
                                    

အပိုင်း ( ၉ )

" ကျွန်တော် ဝမ်းဝမ်းကို တကယ်ချစ်မြတ်နိုးတာပါ။ ယောင်္ကျားလေးမို့ဆိုပြီးလည်း လွယ်လွယ်ပြောခဲ့တာ မဟုတ်ပါဘူး၊၊ အကြိမ်ကြိမ်စဉ်းစားပြီးမှ အခုလို ပြောတာပါ။ ကျွန်တော် အတူလက်တွဲဖို့ထိ စဉ်းစားထားပါတယ်။ မမမြခင်တို့ သဘောမတူဘူးဆိုတာကိုလည်း နားလည်ပါတယ် ကျွန်တော်က ဝမ်းဝမ်းထက် အသက်လည်း ထက်ဝက်ကြီးတဲ့အပြင် ကျွန်တော်က ကျလူ၊ ဝမ်းဝမ်းက တက်လူပါ။ ဒါပေမဲ့ ကျွန်တော့်ဘက်က ဝမ်းဝမ်းကို အဖေလိုရော အစ်ကိုလိုရော ချစ်သူလိုပါ စောက်ရှောက်ပေးမှာပါ။ ဒါကိုတော့ မမမြခင်တို့ ယုံကြည်ပေးပါ "

" ဘာကိုကြည့်ပြီး ယုံကြည်ရမှာလဲ "

ဆိတ်ငြိမ်သောဆိုင်အတွင်းမှာ ကိုထွဋ်နှင့်ဒေါ်မြမြခင် မျက်နှာချင်းဆိုင်ကာ စကားပြောနေကြသည်။

" မမမြခင် ကျွန်တော့်ကို စောင့်ကြည့်လို့ရပါတယ်။ ကျွန်တော်သာ ဝမ်းဝမ်းကို စိတ်ဆင်းရဲအောင် မျက်ရည်ကျအောင် လုပ်ခဲ့ရင် မမမြခင်တို့ စိတ်တိုင်းကျ ကျွန်တော့်ကို ပြောနိုင်ပါတယ်ဆိုနိုင်ပါတယ်။ ဒါကိုမှ မကျေနပ်သေးဘူးဆိုရင်လည်း မမမြခင်တို့ ဆုံးဖြတ်သလို ကျွန်တော်လိုက်နာပါ့မယ်။ အခုတော့ ကျွန်တော့်ကို ယုံကြည်ပေးပါ "

" အခု ကလေးက နေမကောင်းဖြစ်နေတယ် "

" ဟုတ် ကျွန်တော်ကြောင့်ဆိုတာ သိပါတယ်။ မမမြခင် ကျွန်တော့်ကို ဝမ်းဝမ်းနဲ့ တွေ့ခွင့်ပေးပါ "

" ဘာလို့လဲ ဝမ်းဝမ်းက စိတ်ကစားတာရော မဖြစ်နိုင်ဘူးလား "

" ကျွန်တော် ကလေးကို ယုံတယ် "

" အင်းပါ၊ တစ်ချိန်ကျရင် ဝမ်းဝမ်းက နောက်ထပ်လူကို တွေ့ရင်ရော...."

" ကျွန်တော့်ထက် ကလေးကို ပျော်အောင် စိတ်ချမ်းသာအောင် ထားနိုင်မယ်ဆို ကျွန်တော် မျက်တောင်မခတ်ဘဲ အဝေးကို ထွက်သွားပေးမဲ့သူပါ "

" အင်း ညနေကျ လာခဲ့ "

ဒေါ်မြမြခင် ပြောပြီး ပိုက်ဆံအိတ်ကို လက်မှာချိတ်ကာ ဆိုင်အတွင်းမှ ထွက်သွားတော့သည်။ ဒေါ်လေးခင် သားအတွက် စဉ်းစားပေးခဲ့ပြီ။ သား ပျော်ရွှင်ရမယ် ဝမ်းဝမ်း။

ချစ်မေတ္တာ အိမ်ကလေး (or)  ဒီဝါကျွတ်ရင် လူပျိုကြီး ကျွတ်ပြီ Where stories live. Discover now