အပိုင်း ( ၁၀ )
ကြယ်စင်တို့က ဂိုက်ဆရာ လာမသင်တော့ ဂိုက်ဆရာရဲ့ကျောင်းအထိ လိုက်လာပြီး ချောင်းသည်။ ခက်တာကိုမှ လိုချင်မိတော့ အခက်သား။
"အ" နဲ့ "ချစ်"နဲ့ပေါင်းရင် အချစ်ဖြစ်တယ်ဆိုရင် ကြယ်စင်တို့က မဖြစ်ဖြစ်အောင် ပေါင်းမှာပင်။
ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းလို့ maskကို တပ်ကာ ခေါင်းကို ငုံ့ထားသည်။ ဒီနေ့ အတန်းချိန် စောပြီးမယ်လို့ သိထားသည်မို့ အကွယ်နေရာတစ်ခုကနေ စောင့်နေသည်။ အခုထိ ထွက်မလာသေးသည်မို့ ကြယ်စင် မျှော်ရတာ လည်ပင်း ညောင်ရေအိုး ဖြစ်တော့မည်။ နောက်ဆုံးမှာ ထွက်လာသည်မို့ ကြယ်စင် စိတ်လိုလက်ရ ပြုံးမိသည်။
ဝမ်းဝမ်း ဒီနေ့ လာကြိုမယ်လို့ ဒေါ်လေးဝေက ပြောထားလို့ ဦးလေးကြီးကို လာမကြိုဖို့ ပိတ်ထားသည်ကိုမှ ဒေါ်လေးဝေက အလုပ်ကိစ္စပေါ်လာလို့ စစ်ကိုင်းတောင်ဘက် တက်သွားသည်လို့ စာပို့လာသည်။ ထို့ကြောင့် ဝမ်းဝမ်း ဟိုလူကြီးကို လာကြိုဖို့ရာ ဖုန်းဆက်ရသည်။ ပေါက်ပေါက်ကလည်း နေမကောင်းလို့ ကျောင်းမလာ။
ထိုလူကြီး တော်တော်နဲ့ ဖုန်းမကိုင်တော့ ထိုင်ဆက်နေတာနဲ့ အကုန်လုံး ပြန်သွားကြသည်။ နောက်ဆုံး သူပဲ ကျန်နေသည်။
တစ်ယောက်တည်း စောင့်နေတုန်း ဘေးနား လူတစ်ယောက် ရောက်လာသည်။ ကိုယ်နဲ့လည်း မသိသူမို့ မသိချင်ယောင်ပဲဆောင်ကာ နေလိုက်သည်။ သို့သော်.....
" ဆရာက ကြယ်စင့်ကို မမှတ်မိဘူးလား "
ဝမ်းဝမ်း ဘေးကလူ၏စကားကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သွားကြိတ်မိသည်။ မိန်းကလေးမို့ အလျော့ပေးသည်ကို ရောင့်တက်လာသည်။
" အိုး....မှတ်မိသွားပြီပဲ။ ဆရာက မလာတော့ ကြယ်စင်က လာရတာပေါ့ "
" ........ "
" ဆရာက ကြယ်စင့်ကို စကားတောင် မပြောချင်တော့ဘူးပဲ။ အင်းလေ ဆရာက စိမ်းကားသွားတာကို။ ဆရာက စိမ်းကားပေမဲ့ ကြယ်စင်က မစိမ်းကားတတ်ပါဘူး။ ကြယ်စင်က ချစ်ပဲ ချစ်တတ်တာ။ မယုံရင် ဆရာ တွဲကြည့်ပါ့လား ချစ်တတ်သွားလိမ့်မယ် "
YOU ARE READING
ချစ်မေတ္တာ အိမ်ကလေး (or) ဒီဝါကျွတ်ရင် လူပျိုကြီး ကျွတ်ပြီ
Romanceထွဋ်မြတ်ခေါင် ××× သွင်ချစ်သော် (ဝမ်းဝမ်း) _______________________________ ထွဋ်မြတ်ခေါင် ××× သွင်ချစ်သော် (ဝမ်းဝမ်း)