7

272 23 3
                                    

အပိုင်း ( ၇ )

နံနက်မိုးလင်းတော့ ထွဋ်မြတ်ခေါင် အလုပ်သွားဖို့ ပြင်ဆင်ပြီး သူ့အိပ်ရာပေါ်မှာ ခန့်ခန့်မိန့်မိန့်ကြီး အိပ်နေသည့် ဝမ်းဝမ်းကို နှိုးရသည်။ အိမ်ပြန်ပို့ရမည်။

မဟုတ်ပါက သူ့ဘဝက မတွေ့ဝံ့စရာ။ ဒီလိုမျိုး ယောင်္ကျားလေးတစ်ယောက် ပျောက်သွားလျှင် မိန်းမခိုးပြေးသွားပြီး၊  မိန်းကလေးတစ်ယောက် ပျောက်သွားလျှင် ရည်းစားနောက်ခိုးရာလိုက်ပြေးသွားပြီလို့ ပတ်ဝန်းကျင်က ထင်နိုင်သည်။

ချော့မော့ကာ နှိုးရသည်။ မျက်လုံးတို့ မဖွင့်ဘဲ အင်းအဲလုပ်ကာ ပြန်အိပ်သွားသည်။ ကိုထွဋ် ဘေးမှာ မေးထောက်ကာ စိုက်ကြည့်နေလိုက်သည်။ သူ ကလေး မနှိုးတတ်ဘူး။

ကိုထွဋ် အချိန်ကြာအောင် စောင့်ပြီးသည်အထိ တုတ်တုတ်မျှ မလှုပ်သဖြင့် နောက်ဆုံး သူပဲ အရှုံးပေးကာ ဒီနေ့အတွက် ဂျာကြီးကို ခွင့်လှမ်းတင်လိုက်ရသည်။

ကိုထွဋ် အခန်းထဲမှာ ငူငူကြီးထိုင်ကာ ရှေ့ဆက် ဘာလုပ်ရမလဲ စဉ်းစားရချေပြီ။ မနေ့ကထိ သူ့ဆုံးဖြတ်ချက်က ဒါ ပထမအချစ်ပေမဲ့လည်း ကလေးမှ လက်မခံလျှင် နောက်ဆုတ်ဖို့ တွေးထားသည်။ သို့သော် မြှားနတ်မောင်က သူ့ကို မရက်စက်ပေ။ မျှော်လင့်ချက် ရောင်ခြည် အလင်းတန်းလေး ပေးလာသည်။

ရှေ့ လျှောက် ထွဋ်မြတ်ခေါင်၏အနာဂတ်က ဝမ်းဝမ်းကို ပိုးရမည်။ ပမ်းရမည်။ အမ်းနိုင်ရမည်။ ဒီနေ့ခေတ်က အမ်းနိုင်မှ တော်ကာကျမည်ဟု ရုံးတွင်းက စာရေးမငယ်ငယ်လေးနှစ်ယောက် ပြောတာ ကြားဖူးသည်။

အခု ငှါးထားသည့် နှစ်ယောက်ခန်းကိုလည်း ပြန်အပ်ပြီး တစ်ယောက်ခန်းကိုပဲ နေတတ်အောင် နေရမည်။ အသုံးစရိတ်ကိုလည်း ချွေတာရမည်။ ကွမ်းယာကိုလည်း တစ်နေ့ သုံးယာထက် ပိုမစားဖို့။ ဆေးလိပ်ကိုလည်း ထမင်းစားမစားခင်ရော၊ စားပြီးရော မသောက်ဖို့။ ဂျာကြီးတို့နဲ့ တစ်ပတ်တစ်ခါ လိုက်ထိုင်တာရော အကုန်လျော့ရမည်။ နံနက်တိုင်း လက်ဖက်ရည်ဆိုင် ထိုင်တာပါ လျော့ရမည်။

ရတဲ့လခနဲ့ပဲ တင်းတိမ်လို့ မဖြစ်တော့။ ရွာမှာတုန်းက လယ်ယာက ရတဲ့ပိုက်ဆံတွေကို တစ်ခုခုလုပ်မှ မဟုတ်လျှင် သူ သုံးဖြုန်းပုံနှင့် ကုန်မှာ ဧကန်ပင်။

ချစ်မေတ္တာ အိမ်ကလေး (or)  ဒီဝါကျွတ်ရင် လူပျိုကြီး ကျွတ်ပြီ Where stories live. Discover now