8

244 21 4
                                    

အပိုင်း ( ၈ )

" ကိုထွဋ် ဝမ်းဝမ်းကို လာကြိုတာလား "

" ဟုတ်ကဲ့ မမခင် "

ဒေါ်မြမြခင် သူ့တူကို နေ့တိုင်း အကြိုအပို့လုပ်နေသည်ကြောင့် သံသယတို့ဝင်လာရသည်။ မြလွင်ကို ပိုးပန်းနေလို့ ဒီလောက်တောင် သူတို့ချစ်တဲ့တူလေးကို ဂရုစိုက်ပေးနေတာပဲ။ ဒီလိုဆိုတော့လည်း ဘယ်ဆိုးလဲ၊။

ဒေါ်မြမြခင် ပိုက်ဆံအိတ်ကို လက်မှာ ချိတ်ကာ ကားပါကင်ရှိရာသို့ ထွက်သွားတော့သည်။ ကိုထွဋ် ချစ်သူလေးအလာကို စောင့်နေသည်။

" ဝမ်းဝမ်း ဟိုဘဲကြီးက မင်းဆီ ခဏခဏလာနေတာ။ မင်း ဘယ်အဒေါ်ကို ချိန်နေတာလဲ "

ပေါက်ပေါက်က ကျောပိုးလွယ်အိတ်ကြိုးနှစ်ဖက်ကို ဆုပ်ကိုင်ထားရင်းမှ ရှေ့ကခုံမှာ ထိုင်နေသည့်ကိုထွဋ်ကို ကြည့်ကာ မေးသည်။

" သိချင်လား ဆုတောင်းလေ "

ဝမ်းဝမ်းက ပေါက်ပေါက်ရှေ့ကနေ ပြေးသွားကာ ကိုထွဋ်၏လက်ကို တွဲလွဲခိုလိုက်သည်။ ကိုထွဋ် နဖူးပေါ် ဝဲကျနေသည့်ဝမ်းဝမ်း၏ဆံပင်များကို သပ်တင်ပေးလိုက်သည်။ နဖူးလေးကို မြတ်မြတ်နိုးနိုး နမ်းလိုက်ချင်ပေမဲ့ ကလေးကို ထိခိုက်မည့် ဝေဖန်မည့်စကားသံများကို မလိုအပ်ဘဲ မကြားလိုသောကြောင့် ထိန်းချုပ်လိုက်သည်။

ပေါက်ပေါက် အနားရောက်လာသည်နှင့် ကိုထွဋ်၏လက်ကို တွဲထားသည့်ဝမ်းဝမ်းကို ဆွဲယူလိုက်သည်။ ပြီးနောက် ကိုထွဋ်ကို သေချာကြည့်ကာ.....

" ဦးလေး ကျွန်တော့်သူငယ်ချင်းကို ဘာလုပ်တာလဲ "

" ကလေး "

ကိုထွဋ် သူ့ကို တရားခံတစ်ယောက်လို စစ်မေးနေသည်ကြောင့် ဝမ်းဝမ်းကို အကူအညီတောင်းခံလိုက်သည်။ ဝမ်းဝမ်းက ချောင်းတစ်ချက်ဟမ့်ကာ.....

" အဟမ်း....ဒါ ငါ့ဦး "

" ဘယ်လို! "

ပေါက်ပေါက် ဝမ်းဝမ်း၏စကားကြောင့် အံ့အားသင့်သွားရသည်။

" မင်းအဒေါ် နံပါတ်ဘယ်လောက်ရဲ့ချစ်သူလဲ "

" ဘာကွ!! "

" ခစ်ခစ် ဟား "

ပေါက်ပေါက် ဝမ်းဝမ်း၏နီစုတ်စုတ်မျက်နှာလေးကြောင့် ရယ်လိုက်သည်။ ဘာဦးလဲ အစကတည်းက ဒါ ငါ့ချစ်သူဆို ပြီးနေတာကို ဦးတဲ့။ ဘာဦးလဲ လဥလား။

ချစ်မေတ္တာ အိမ်ကလေး (or)  ဒီဝါကျွတ်ရင် လူပျိုကြီး ကျွတ်ပြီ Όπου ζουν οι ιστορίες. Ανακάλυψε τώρα