2

541 39 9
                                    

အပိုင်း ( ၂ )

" ဒေါ်လေးတင့် သား လိုက်သွားချင်လို့ "

ဝမ်းဝမ်း အဒေါ်အကြီးဆုံးနားကပ်ကာ ရွာထဲ ကလေးတွေနှင့်  လိုက်ကန်တော့လိုက်ချင်ကြောင်း ကပ်ကာ ချွဲနေသည်။

" မလိုက်ရပါဘူး။ ဒေါ်လေးဝေ မပါဘဲ ဘယ်မှမသွားရဘူးလို့ ပြောထားတယ်လေ "

" သား ဒီတစ်ညတည်းပါ "

" မရဘူး ဒီည လူရှုပ်တယ် "

" ဟင့် ဒေါ်လေးဝေကလည်း....."

ဝမ်းဝမ်းကို ဒေါ်လေးဝေက စည်းကမ်းတင်းကြပ်သည်။ ဝမ်းဝမ်း မျက်နှာလေးငယ်ကာ ခေါင်းငုံ့သွားသည်။

" မြဝေရယ် ကလေးကို ဘာလို့ ဆူနေတာလဲ။ ကလေးက ဘယ်တုန်းက ငါတို့စကားနားမထောင်လို့လဲ။ ဒီတစ်ခါလေး လိုက်ချင်တာကို လိုက်သွား သား "

ဒေါ်မြမြခင်က ဝင်ပြောတော့ ဒေါ်မြမြဝေ လက်မခံချင် ခံချင်၊ လက်ခံလိုက်ရသည်။ သူတို့လည်း သူတို့တူလေး မျက်နှာတစ်ချက်ညိုးရင် သူတို့ရင်ထဲကမ္ဘာပျက်ရသည်မလား။

" ဘယ်သူတွေနဲ့ သွားမှာလဲ "

" သား ညနေက အိမ်ကို လာကန်တော့တဲ့ကလေးတွေနဲ့ "

" အင်း ခြင်းဆေး လိမ်းသွား၊ မမမြလွင် မကြီးဆီသွားပြီး မီးပုံးတစ်ခု တောင်းပေးလိုက်အုံး "

ဒီလိုနဲ့ ဝမ်းဝမ်းတစ်ယောက် ကလေးတစ်သိုက်နှင့် ရွာထဲကို ကန်တော့လိုက်သွားသည်။ မြမြညီအစ်မတွေမှာ အိမ်ရှေ့မှာ တမျှော်မျှော်ဖြင့် စောင့်နေသည်။ ဦးချစ်ဇော်ကတော့ သဘောကျကြီး ကျနေတော့သည်။

" ကိုကို ကိုကို ဒီအိမ်ကို ဝင်ကန်တော့ရအောင် "

" ဟုတ်တယ်ဟုတ်တယ်။ အာ့အိမ်က မုန့်တွေ ပေးတာ "

တစ်အိမ်ဝင် တစ်အိမ်ထွက်နှင့် ရွာထဲကို လိုက်တော့ကြသည်။ တချို့ကလေးငယ်လေးတွေက သစ်သားပြား၊ ဝါးခြမ်းပါးပေါ်မှာ ဖယောင်းတိုင် ထွန်းပြီး လိုက်ကန်တော့ကြသည်။

တချို့ကလေးငယ်လေးတွေက ဆီမီးခွက်၊ ဂျောက်ဂျက်တွန်းလှည်း၊ တချို့က မီးပုံးလေးတွေနှင့် သီတင်းကျွတ်လပြည့်ညသည် အလွန်ကို အသက်ဝင်လှသည်။ အိမ်ရှေ့လမ်းတစ်လျှောက်လုံး ဖယောင်းဆီမီးများ ထွန်းညှိပူဇော်ထားကြသည်။

ချစ်မေတ္တာ အိမ်ကလေး (or)  ဒီဝါကျွတ်ရင် လူပျိုကြီး ကျွတ်ပြီ Where stories live. Discover now