5

389 22 4
                                    

အပိုင်း ( ၅ )

ထွဋ်မြတ်ခေါင်ဆိုတဲ့ လူပျိုကြီး အခုတလော ကနာမငြိမ် ဖြစ်နေသည်။ အချစ်ဆိုတာကို အခုမှ ထိတွေ့ဖူးပြီး လူပျိုဖြန်းလေးလို ဖြစ်နေသည်။ သူ့မှာ အကြိမ်ကြိမ်း စမ်းစစ်ပြီး သေချာမှ ဖွင့်ပြောဖို့ ကြံရွယ်သည်။ သူ့အချစ်ဒုက္ခကလည်း အဆန်းသား။ ကိုယ့်ထက် ထက်ဝက်ငယ်တဲ့ မျိုးတူယောင်္ကျားကိုမှ ချစ်မိသွားရတယ်လို့။

ဘယ်ကတည်းက စချစ်မိလဲဆိုတာ မသိပေမဲ့ မြင်ပါများ ချစ်ကျွမ်းဝင်သွားတာလား။ ဒါလည်း မဟုတ်သေးဘူး။ အာ့လိုတိုင်းဆို အိမ်ရှေ့က ခွေးတွေကြောင်တွေ မွေးတဲ့ အသက်၅၀ကျော်အပျိုကြီး မခင်တုတ်နဲ့ ညားနေတာ ကြာလို့ ကလေးတောင် ရလောက်ပေါ့။

အချစ်ဆိုတာလည်း အဆန်းသား။ မြှားနတ်မောင် ပစ်လွှတ်လိုက်တဲ့မြှားက ရင်ကို တည့်တည့်ထိမှန်တာပဲ။

ကိုထွဋ် ဖွင့်ပြောဖို့ ချောင်း,ချောင်းကြည့်ပေမဲ့ အရေးလုပ်မခံရ။ သူ့ဘက်က ခေါ်ခဲ့တုန်းက ကိုယ်က အေးတစ်လုံးသာ ပြန်ပြောခဲ့တဲ့ အေးတစ်လုံး အာဂုဏ်ဆောင်သူကြီး။

ဒီရက်ပိုင်း ဒေါ်မြမြဝေ မအားတော့ ဝမ်းဝမ်းကို ဒေါ်မြမြလွင်က ကျောင်းလိုက်ပို့ပေးမယ့် လာကြိုဖို့ကျ တစ်ခါတလေ မအားတော့ အဆင်မပြေ။ ထို့ကြောင့် ပေါက်ပေါက်က ဒေါ်မြမြဝေ ဆိုင်ကို လမ်း​ကြောသင့်တော့ လိုက်ပို့ပေးသည်။

သေချာ ပေါင်းမကြည့်လျှင် ပေါက်ပေါက်ကို အနေအေးသူလို့ ထင်ရပေမဲ့ ပေါက်ပေါက်မှာ boyfriend ရှိသည်။ ဆယ်တန်းတုန်းက study guideလုပ်ပေးသည့် အကိုကြီးကို လေးစားအားကျရာမှ ချစ်သူဖြစ်သွားသည်။

" ပေါက်ပေါက် ငါ့ကို ဒေါ်လေးလွင် ဆိုင်ပို့ပေး "

" ဟီး ဆောရီး "

" ဘာလို့လဲ "

ဝမ်းဝမ်း သူ့ကို လိုက်ပို့ဖို့ ပြောပေးမဲ့ ပေါက်ပေါက်က ဟီးခနဲ ရယ်ချပြီး ဆောရီးတဲ့။ ဆိုင်ကယ်ဦးထုပ်ဆောင်းနေရာမှ ပေါက်ပေါက်က သူ့နောက်ကို ကြည့်သည်။

သူ့ဘဲကြီး လာကြိုနေပြီလေ။

" ငါ့ လိုက်မပို့တော့ဘူးလား "

ချစ်မေတ္တာ အိမ်ကလေး (or)  ဒီဝါကျွတ်ရင် လူပျိုကြီး ကျွတ်ပြီ Where stories live. Discover now