ဖန်စားပွဲပေါ်တွင်ပဲရှောင်းကျန့်ရှေ့နားရောက်အောင် ဘူးလေးကို တိုးပေးရင်း

"ဖွင့်ကြည့်လိုက်.."

ရှောင်းကျန့်မှာ ဘူးထဲကအရာလေးကိုသိချင်ဇောနှင့် စိတ်လှုပ်ရှားလွန်းလို့ လက်မှာချွေးစေးတွေတောင် ထွက်နေပြီဖြစ်သည်။

"ဟင်..ကျောက်စိမ်းလက်စွပ်.."

ဘူးအစိမ်းလေးထဲက အဖြူရောင် လက်စွပ်ထည့်သည့်အံခွက်လေးထဲ အံဝင်ခွင်ကျရှိနေသည့် ရှေးဟောင်းလက်စွပ်အကွင်းလေး၏ အပေါ်တွင် အဝိုင်းပုံသဏ္ဍာန်ရှိ ကျောက်စိမ်းတုံးလေးက လှလှပပကြီး နေရာယူထား၏။

"အင်း..."

"ကိုကိုလေးက ကျွန်တော့်ကို ဒီလက်စွပ်ပေးတာလား"

"ဟုတ်တယ်လေ..."

"တကယ်ကြီး...?"

အံ့သြစွာ တောင့်တောင့်လေးဖြစ်နေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်က ဆန္ဒစောစွာ ထိုင်နေရာမှထပြီး ရှောင်းကျန့်အနား ကြွေပားပေါ် ဒူးတစ်ဖက်ထောက်ထိုင်ကာ ဘူးလေးထဲမှလက်စွပ်ကိုယူပြီး ရှောင်းကျန့်လက်ခလယ်တွင် ၀တ်ပေးလိုက်၏။

"ကွက်တိပဲ...So Perfect
အရမ်းလှတယ်"

ရှောင်းကျန့်လက်တစ်ဖက်လုံးကို ဆန့်ကာ သူ့လက်ထဲတွင် ပယ်ပယ်နှယ်နှယ်ကိုင်တွယ်ကြည့်နေသူက ရှောင်းကျန့်လက်ချောင်းတွေကို သူ့အပိုင်ဟု မှတ်နေလေသလားမသိ။

"ကိုကိုလေး...."

"ဟင်!"

"ဘာလို့လက်စွပ်ပေးတာလဲဟင်"

"ဘာလို့လဲဆိုတော့..အားကျန့်မှာ ကိုယ်ပိုင်လက်စွပ်မရှိသေးဘူးလေ ပြီးတော့ လေလံပွဲတုန်းက အားကျန့်ပဲ ဒီဟာလေးကို သဘောကျတယ်ဆို.."

"ဟင်...ပြောမိလို့လား.."

"အင်းလေ
တကယ်က ရုပ်ရှင်သွားကြည့်တုန်းက အပြန်လမ်းမှာပေးမလို့ပဲ...ကိစ္စလေးတစ်ချို့ဖြစ်သွားလို့ မပေးလိုက်ရတာ...
ဒါပေမဲ့ အိမ်ပြန်ရောက်တော့ ကားရေဆေးပြီးမှ ပေးမလို့လုပ်ပေမဲ့.....အင်း ထားလိုက်ပါတော့
အားကျန့် စာကျက်စရာရှိသေးရင် အခန်းထဲပြန်ကျက်လေ"

Dear Medical Student[Completed]Where stories live. Discover now