မျက်ရည်စတို့ ဖုံးလွှမ်းကာ အရောင်မဲ့နေသည့် သူမ၏ မျက်လုံးများသည် တစ်ချိန်က Lia ရဲ့ ခက်ခဲခဲ့တဲ့ အတိတ် ပုံရိပ်အား ထင်ဟပ်နေသယောင်။

"ငါ ခဏလောက် အပြင်ထွက်လိုက်ဦးမယ် "

"အေး အေး "

Bar အပြင်ဘက်မှာ ခုံတန်းများက လူရှင်းနေသည်။

Lia ထိုနေရာမှ ဆယ်မိနစ်ခန့် ထိုင်ကာ အချိန်ဖြုန်းလေ၏။

သူမနဲ့ ဒီလိုဆူညံသည့် နေရာက လုံးဝ မကိုက်ညီပေ။

တစ်ခါတည်း အိမ်ပြန်လို့ရမယ့် ဆင်ခြင်တစ်ခုကို စဉ်းစားနေရင်း Lia သန့်စင်ခန်းထဲသို့ ဝင်လိုက်သည်။

"ဝေါ့ အွတ် အော့ "

ဘေစင်မှာ ခေါင်းငုံ့ပြီး အန်နေတဲ့ မိန်းမတစ်ယောက်ကြောင့် Lia နှာခေါင်း ရှုံ့မိသည်။

အဲ့ဒါတွေကြောင့် ဒီလို နေရာမျိုးတွေ မလာချင်တာ။

ထို မိန်းမနောက်ကနေ ခပ်ခွာခွာ ဖြတ်သွားရင်း ခေါင်းပြန်မော့လာသည့် သူမ၏ မျက်နှာကို မှန်ကနေ တစ်ဆင့် မြင်လိုက်ရသည်။

Lia အနည်းငယ် အံ့ဩသွားသည်။

ဆေးရုံကို လာတုန်းက သူမရဲ့ အဝတ်အစားတွေက ဒီလိုမျိုးဟုတ်မနေ။

ထို အမျိုးသမီးသည် အရောင်ကြောင်ကြောင်ကျားကျား ဆံပင်တုကို ချွတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများက နှေးကွေးပြီး အားနည်းနေကာ တော်တော်များများ ပျက်နေပြီ ဖြစ်သော မိတ်ကပ်အောက်က မျက်နှာမှာလည်း ဖြူဖျော့နေသည်။

သူမသည် မျက်နှာသစ်ဖို့ မနည်း ရုန်းကန်နေရကာ သူမနောက်မှာ မတ်တပ်ရပ်နေသည့် Lia ကို မတွေ့သေးပေ။

"ဒီမှာ ရှင် အဆင်ပြေရဲ့လား "

Lia က သူမရဲ့ ပခုံးကို ညင်သာစွာ ထိကိုင်၍ မေးသည်။

သည်တော့မှ သူမသည် Lia အား သတိပြုမိတော့သည်။

"ဒေါက်တာက ဘယ်လိုလုပ်ပြီးတော့..."

"မျက်နှာပြီးအောင် သစ်လိုက်ပါဦး "

သန့်စင်ခန်းကနေ စားပွဲဆီသို့ ပြန်သွားတဲ့ Lia နောက်ကနေ ရတီက ဖြေးဖြေးချင်းလိုက်သွားသည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Opowieści tętniące życiem. Odkryj je teraz