Chapter11(Unicode +Zawgyi)

Start from the beginning
                                    

အိမ်ရှေ့ကလူခေါ်ဘဲလ်ကြောင့်လူကအိပ်ယာကမထချင်ပေမဲ့ကုန်းရုန်းကာထရင်းတံခါးဖွင့်ရပေဦးမည်...

အိမ်ရှေ့တံခါးမကြီးချက်အားမမှီမကမ်းဖွင့်ရင်းပါးစပ်ကလဲအပြင်ကသူမကြားကြားအောင်ပြောမိသည်...

'မောင်...ခင်ဗျားကိုမလာနဲ့လို့ကျုပ်ပြောထားတယ်မလား..?ကျုပ်တစ်ယောက်တည်းအေးဆေးလေးနေချင်ပါတယ်လို့....အဝေးပြောစကားဆိုခင်ဗျားကဘာလို့အလေးမထားရတာလဲကိုကို..ခင်ဗျားပြောပါ...ဟင်....အယ်.....ဘယ်သူမှလဲမရှိပါလား...?'

စောနကလေးတင်တဝုန်းဝုန်း ခေါက်နေတဲ့တံခါးကခုကြတော့လဲဘယ်သူမှရှိမနေ...

ဘာလဲ...?နေခင်းကြောင်တောင်ကြီးသရဲခြောက်တာလား..?

အပြင်ကနေခတ်ထားတဲ့သံတံခါးအရဒါဟာမောင်လာတယ်ဆိုတာတော့မဖြစ်နိုင်....

မောင်လာရင်အမြဲလိုလိုတံခါးဖွင့်ရင်းအဝေးနာမည်ကိုအော်ခေါ်နေကြမဟုတ်ပါလား...

ကြောက်စိတ်ဝင်မိပေမဲ့အရဲစွန့်ကာသော့ခတ်ထားတဲ့ တံခါးသံဗန်းလေးကိုကိုင်ကာ အသံပြုမိသည်....

'ဒီမှာဗျ့...ဘယ်သူလဲ..?မောင်....မောင်လား...?'

'.............'

'ဦးနေလား...?...မောင်လား.....?'

ဘယ်လောက်ဘဲအဝေးခေါ်ခေါ်အသံတစက်မှပြန်မပေးတဲ့သူကြောင့်မညာတမ်းပြောရရင်နည်းနည်းတော့ကြောက်မိတာအမှန်ပင်...

ယောကျ်ားသားတစ်ယောက်ဖြစ်တာမှန်ပေမဲ့ကိုယ်မသိ..မသွားတတ်တဲ့နေရာစိမ်းမှာရောက်နေတဲ့အပြင် ပိတ်ထားတဲ့တံခါးအားကြည့်ပြီး.. အရေးကြုံလာရင်ထွက်ပြေးဖို့ပြေးပေါက်ကလဲမရှိတာကြောင့်အကြံအိုက်နေမိတာလဲအမှန်ပင်..

'မောင်....?မောင်လား..?'

'....ရှပ်..ရှပ်...'

ခြေသံသာကြားရပေမဲ့လူရိပ်ရောင်မတွေ့ရတာကြောင့်ကျောချမ်းမိတာတော့အမှန်....

'မော..မောင်.....'

'.........'

'ဘယ်..ဘယ်သူလဲဟင်..?'

'ခွမ်း...ခလွမ်း..'

'အမလေး...!!!'

နောက်ဖေးခန်းကနေမှန်ကွဲသံကြားတာကြောင့်ပြေးကြည့်မိတော့...

Love  or hateWhere stories live. Discover now