စိုင်းရတုဟန်က စိုင်းစွမ်းထက်ပိုင်၏ ဂုတ်မှ ဆွဲကာ အခန်းတံခါးဖွင့်ပြီး ဝင်လာသည်။ပါ​ကေးခင်းထားတဲ့ ကြမ်း​ပေါ်မှာ အဆင်​ပြေသလို ထိုင်​နေကြတဲ့ ဆယ်တန်း​တွေက သူတို့ကို ကြည့်လာကြသည်။ ပါဆယ်ဂိမ်းကစားဖို့ ပြင်​နေကြပုံပဲ။

စိုင်းရတုဟန်အပါအဝင် ဆယ်တန်း​တွေကလည်း ပုံမှန်အဝတ်အစား အ​ဟောင်း​တွေ၊ ညဝတ် အဝတ်အစား​တွေနဲ့သာ။ စိုင်းစွမ်းထက်ပိုင် တစ်​ယောက်ထဲ ​တောက်​ပြောင်​နေတာ။ အကုန်လုံး ငါ့အလှမှာ ​မြောကြစမ်းဟဲ့ဆိုပြီး ဝတ်လာသမျှ အခု​တော့ ​ကြောင်​တောင်​တောင်ကြီး။

" ငါဟာ လူရွှင်​တော်ကြီးလို ...။ "

စိုင်းရတုဟန်က စိုင်းစွမ်းထက်ပိုင်ကို ကြည့်ကာ ခပ်​နော​က်​နောက်နဲ့ သီချင်းဆိုပြ​နေသည်။

" ပါးစပ်ပိတ်ထားစမ်း "

" ဆရာမ​ဝေ​ဝေ ​ပြောထားပြီးသား။ ​မောင်​လေးတို့ ထိုင်ကြ​လေ။ "

" ဟုတ်ကဲ့ခင်ဗျ။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို တစ်ချက်လှမ်းကြည့်လိုက်​တော့ ​စိုင်းစွမ်းထက်ပိုင် ဝတ်စားလာတာကို အံ့သြသလို​လေး မျက်လုံး ပြူးကြည့်​နေသည်။ စိုင်းစွမ်းထက်ပိုင်​၏ လည်ပင်းက ပလက်တီနမ်ဆွဲကြိုး​လေးကစ အ​ရောင်တလက်လက် ဖြစ်​နေသည်။

" ငါ ဇာတ်မင်းသားကြီးလိုများ ဖြစ်​နေလား။ "

ကိုယ့်ကိုယ်ကိုယ် မလုံမလဲ ဖြစ်လာတာမို့ စိုင်းစွမ်းထက်ပိုင်က စိုင်းရတုဟန်ကို ​မေးလိုက်​တော့ တစ်ဖက်က လိ​မ္မော်သီး စား​နေရင်းမှ သွားကျွတ်မတက်ရယ်ရင်း ​ခေါင်းငြိမ့်ပြသည်။

" ​အေး​လေ ... မင်းတစ်​ယောက်ထဲ ကိုယ်​ယောင်ကိုယ်ဝါ​တွေ ​တောက်ပ​နေတာ။ ဟို​ကြော်ငြာထဲကလို​လေ ..အရှင်ရုက္ခစိုး နတ်မင်းကြီး ... "

" ​တော်စမ်း ​ဟေ့​ကောင် "

စိုင်းစွမ်းထက်ပိုင်၏ မျက်နှာက အနည်းငယ် အလိုမကျသလို ဖြစ်လာသည်။

" ​ရော့ ... "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်အနား​ရောက်လာကာ ဖရဲသီး​ဖျော်ရည်​ပေးရင်း စကား​ပြော​လာသည်။

First Love , Perfect Love (Completed)Where stories live. Discover now