" ငါ့အိမ်လည်း သိ​နေတာပဲလား။ "

စိုင်းစွမ်းထက်ပိုင်က ပြုံးပြီး​ခေါင်းငြိမ့်ပြသည်။

" အစ်ကိုနဲ့ပတ်သတ်ရင် အစ်ကို့အိမ်မှာ အပ်ကျတာကစ သိတယ် ယုံ။"

ကာရံညီညာက ပါးစပ်ပြင်လိုက်ပြီးမှ  စကားပြန်မ​ဖြေ​တော့ဘဲ ဆိုင်ထဲ ဝင်လာသူကိုသာ ကြည့်​နေသည်။

" ပိ​တောက်လမ်းထဲက ​မြောက်ဘက်လှည့် နှစ်ထပ်အိမ်၊ ​ခြံတံခါးမှာ ​ဆေးအပြာသုတ်ထားတဲ့အိမ်​လေး ဟုတ်တယ်မလား။ အစ်ကို့အခန်းက ဒုတိယအထက်က တက်တက်ချင်း ​လှေကား​ဘေးက အခန်း​လေး။ "

" စားလို့ပြီးပြီလား။ "

စိုင်းစွမ်းထက်ပိုင် , Crushကို ကြူးလို့​​ကောင်း​နေတုန်း ​စျေးခြင်း​တောင်း ဆွဲပြီး ဆိုင်ထဲဝင်လာတဲ့ အန်တီကြီးက ​ဘေးနား ရောက်ချလာပြီး ​မေးလာသည်။

" မပြီး​သေးဘူး အန်တီ။ ကျွန်​တော်တို့ ထိုင်ဦးမှာ။ ခုံမအားဘူး အန်တီ။"

ထိုင်ခုံ​နေရာ​တွေက ပြည့်​နေတာမို့ လာ​မေးသည်ထင်။ စိုင်းစွမ်းထက်ပိုင်က ငြင်းလိုက်သည်။ ထိုအန်တီကြီးက စိုင်းစွမ်းထက်ပိုင်ကို နားမလည်သလို ကြည့်လာသည်။ပြီးမှ ကာရံညီညာ့ကို ပြန်ကြည့်သည်။

"စားလို့ ပြီးပြီ အ​မေ။ "

ကာရံညီညာ့ဆီက ထွက်လာတဲ့ အသံပင်။ ဒီ​တော့မှ စိုင်းစွမ်းထက်ပိုင်လည်းသိ​​တော့သည်။ ​ဒေါ်ခင်ချိုကြီးဟ။ ​တော်​​သေးတယ်။ ​ကာရံညီညာ့ကို ​ဘယ်လိုကြွေ​ကြောင်း တရစပ်လွှတ်​​မိတော့မလို့။​​တော်ကီ​တွေ ပြန်မြိုချထားလိုက်သည်။လက်မတင်​လေးပဲ။

" စားလို့ ပြီးပါပြီ အန်တီခင်ဗျ။ အခုပဲ ပြီးတာပါ ခင်ဗျ။ "

ခုနက မှုန်ကုပ်ကုပ်နဲ့ စကား​ပြော​နေတဲ့ စိုင်းစွမ်းထက်ပိုင်က ​ဒေါ်ခင်ချိုမှန်းသိမှ ရိုရို​သေ​သေ ​​ဖြေလာ​တော့ ကာရံညီညာက ကြိတ်ရယ်လိုက်သည်။

" မင်းကို ​မေးတာမဟုတ်ပါဘူး။ အန်တီ့သားကို ​မေးတာပါ။ သား ...စားပြီးရင် သွားမယ်​လေ။ "

" ဟုတ်ကဲ့... အ​မေ။ သူက ​ကျောင်းက သားသူငယ်ချင်းပါ။ ဆရာမ​ဝေ​​ဝေရဲ့တူ။"

First Love , Perfect Love (Completed)Where stories live. Discover now