"ငါးအသား ဆန်ပြုတ်ပေါ့" စုကျစ်ထုံက ပြောလိုက်သည်။

စုကျန်းချန်တစ်ယောက် ငါးအသားဆန်ပြုတ်ရဲ့နောက်ကွယ်က အဓိပ္ပာယ်ကိုမသိပဲ
ပဲငံပြာရည် လက်ဦးမှုရယူဖို့လုပ်နေသေးတယ်။ "ဒါဆို ငါလည်း သောက်မယ်"

စုချီ "... ..."

စုလုရီ "... ..."

စုကျန်းချန်က မျက်မှောင်ကျုတ်လိုက်သည် ။ "အစ်ကိုကြီး၊ ကျွန်တော့်ကို ဘာလို့ အဲ့လိုလာကြည့်နေတာလဲ"

"ဘာမှ မဟုတ်ပါဘူး" လို့  စုလုရီက ပြောလိုက်တယ်။

စုချီက သူ့ခေါင်းလေးကို ဖွဖွပုတ်လိုက်ပြီး "ဒုတိယညီလေး များများစားနော်"

စုကျစ်ထုံလည်း ဘာလုပ်ရမလဲ မသိတာနဲ့ ရောယောင်ပြီး သူပါ လိုက်ပုတ်ပေးလိုက်တယ်။
"မင်း အစ်ကိုကြီး ပြောတာမှန်တယ်။ စုကျန်းချန်၊ မင်း ထပ်သောက်သင့်တယ်"

စကားဝိုင်း ခေါင်းစဥ်က တကယ့် ငါးအသား ဆန်ပြုတ်ဖက် ရောက်သွားလို့ စုလုရီ၏ အလုံးကြီးကျသွားရသည်။

ထိုအမျိုးသားသုံးယောက် ထွက်သွားမှ စုလုရီက စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်၏။
ကြည့်ရတာ သူ့ရဲ့ရုတ်တရက် ပြောင်းလဲသွားမှုက စုချီရဲ့သံသယတွေကို နှိုးဆွပေးလိုက်ပုံပဲ၊
ဒါပေမယ့် ဘာအကြောင်းကြောင့်မှန်းမသိ၊ သူမျှော်လင့်ထားတဲ့ အချိန်လိုမျိုးတော့ ဖြစ်မလာဘူး...

စုလုရီလုပ်နေတဲ့ "ထမင်းဘူး" က အခုဆို စုကျန်းချန်နဲ့ ကျေငြိမ်းလိုက်တာ နှစ်ခု ဖြစ်သွား‌တော့တယ်။

စုကျန်းချန်တစ်ယောက် ထမင်းဘူးကို ရတုန်းက စုလုရီ သူ့ကို ရန်လာစတယ်မှတ်ပြီး စိုက်ကြည့်တော့ မလို့ပဲ။
ဒါပေမယ့် စုချီက ဘာအမူရာမှ မရှိပဲ စားနေတာတော့ တွေ့လိုက်တယ်။

စုကျန်းချန်က ချက်ချင်းကို ဆွံ့အသွားရတယ်။

စုလုရီကတော့ စားပွဲထောင့်ကနေ သူ့ကို သနားစဖွယ် ကြည့်လာခဲ့တယ်။ "ဒုတိယ အစ်ကိုကြီး၊
ဘာလို့ မစားတာလဲ ဟင်။ ကျွန်တော့်ကို ခွင့်မလွှတ်သေးဘူးလား၊ သိပါတယ်...ရပါတယ်၊
အစ်ကိုကြီး ခွင့်မလွှတ်ချင်ဘူးဆို..."

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Hikayelerin yaşadığı yer. Şimdi keşfedin