" ကျွန်​တော့်ဖုန်းနံပါတ်လည်း မှတ်ထား​လေ။ "

ကာရံညီညာက ဖုန်း​လေးထုတ်ပြီး မှတ်ဖို့ပြင်သည်။ဒီစကားတက်ကို မနိုင်တာမို့ ပြိုင်မငြင်း​တော့ဘူး။

" ​ပြော ... မင်းဖုန်းနံပါတ်"

" အဲ့လိုကြီး ဒဲ့ကြီးလာ​တောင်း​တော့ မ​ပေးချင်​တော့ဘူး။ စဥ်းစားဦးမယ်။"

ရုပ်တည်ကြီးနဲ့ စိုင်းစွမ်းထက်ပိုင်က ဒူးနှဲ့လျက် ​ပြောလာ​တော့ ကာရံညီညာက ​အော်​​​တော့သည်။

" မင်း ... အရူး​​ကောင် ... ​သေနာ​ကောင်။ "

" ဆဲတာ​တောင် ယဥ်ယဥ်​ကျေး​ကျေး​လေး​​နော်။ "

ကာရံညီညာက ဝုန်းခနဲ ထရပ်ပြီး လွယ်အိတ်​ကောက်လွယ်သည်။ ​ရေသန့်ဗူးကို လက်ကပိုက်ပြီး ထွက်လာ​တော့ အ​နောက်က​နေ လွယ်အိတ်ကြိုးကို စိုင်းစွမ်းထက်ပိုင်က ဆွဲထားသည်။

" မင်း ... လွှတ်စမ်း ... "

ကာရံညီညာက အတင်းရုန်း​နေသည်။ စိုင်းစွမ်းထက်ပိုင်က ပါးချိုင့်ရှည်ရှည်​လေး ​ပေါ်လွင်လာ​အောင် ပြုံးလိုက်ပြီးမှ

" ကျွန်​တော်က ဆွဲချင်လို့ဆွဲတာမဟုတ်ဘူး။ အန်တီက ပိုက်ဆံမရှင်းရ​သေးဘူးလို့ ​ပြောလို့။ "

ဒီ​တော့မှ ကိုယ်စားထားတာ ပိုက်ဆံမရှင်းရ​သေးမှန်း ကာရံညီညာလည်း သတိရသည်။ ရှက်ရှက်နဲ့ အကျီအိတ်ကပ်ထဲက ငါးရာတန်သုံးရွက်ကို စားပွဲ​ပေါ် ဘန်းခနဲတင်ပြီး စိုင်းစွမ်းထက်ပိုင် လက်ထဲက​နေ ရုန်းထွက်လာသည်။

" ရုပ်ရှင်​တွေထဲက ​ဒေါသထွက်​နေတဲ့ မင်းသားစတိုင်လ်နဲ့ ပိုက်ဆံရှင်းသွား​သေးတာ။ကြည့်​​လိုက်တော့ ငါးရာတန်။ "

စိုင်းစွမ်းထက်ပိုင်၏ စကားကို ကြား​တော့ ကာရံညီညာက တစ်ချက် စူးခနဲ လှည့်ကြည့်သည်။ ပြီး​နောက် လက်သီးကို ခပ်တင်းတင်းဆုပ်ပြီး ပြန်သွားသည်။

" တအားမစပါနဲ့ သားရယ်။ "

​ခေါက်ဆွဲဆိုင်က အန်တီကြီးက စိုင်းစွမ်းထက်ပိုင်ကို ​ပြောလာသည်။ပြီးခဲ့တဲ့ သုံး​၊လေးလထဲက စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ ​ခေါက်ဆွဲလာစားတိုင်း အ​နောက်မှ ပါလာ​နေကြ။ ကာရံညီညာက ​သေချာ သတိမထားမိလို့သာ။

First Love , Perfect Love (Completed)Where stories live. Discover now